အင်းတော်မြို့နယ်

အင်းတော်မြို့နယ် ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်းအကျဉ်း

အင်းတော်မြို့နယ်သည် မန်လည်က စခဲ့ပါသည်။ မန်လည်စစ်တမ်းအရ ပါဋလိပုဒ်ပြည်တွင် ဗိဒ္ဓုသာရမင်းစိုးစံနေစဉ် ဒေဝအမတ်သည် မန်လည်မြို့ကို တည်ထောင်ခဲ့ပါသည်။ သရေခေတ္တရာ ငါ့တပါးမင်းလက်ထက် ၎င်း၏ကျွန် ဒိဗ္ဗနရအမတ်သည် မြေတိုင်းအမတ် သိရိဓမ္မကျော်ထင်၊ အတွင်းဝန်ဇေယျသိင်္ခနှင့်အတူ ဧရာဝတီမြစ်ကို ဆန်တက်၍ သက္ကရာဇ်(၁၈၃၂)ခု၊ တပေါင်းလဆန်း(၂)ရက်၊ ဗုဒ္ဓဟူးနေ့တွင်မန်လည်ကို ပြန်လည်ထူထောင်ပါသည်။ ပုဂံခေတ် အလောင်းစည်သူမင်းလက်ထက် တိုင်းခန်းလှည့်လည်ရာတွင် မန်လည်စော်ဘွား ငထွန်းငယ် အခစားမရောက် မန်လည်မြေကို ငါးရပ်ခွဲ‌ဝေပြီး (၁) ငနန့်စာ၊ (၂) ငနန့်သဲ၊ (၃) ငအင်းတော်၊ (၄)ငစင်းဟောက်၊ (၅) ငကွမ်းဘောင်တို့ကို အပိုင်စား ခွဲ‌ဝေပေးခဲ့ပါသည်။ ၎င်းအချိန်မှစ၍ အင်းတော်သမိုင်းကို စတင်တွေ့ရှိ ခဲ့ရပါသည်။ မိုးညှင်းစစ်တမ်းအရ သက္ကရာဇ်(၁၁၁၅)ခု၊ ကုန်းဘောင်ခေတ်ဦး အလောင်းမင်း တရားလက်ထက်တွင် အင်းတော်၊ မန်လည်၊ မော်လူးတို့သည် မိုးညှင်းစီရင်စုတွင် ပါဝင်ခဲ့ကြောင်းတွေ့ရပါသည်။ အင်းတော်မြို့နယ်၌ မြေငါးရပ်ပါ၀င်ခဲ့ရာ ၎င်းတို့မှာ အင်းတော၊ နန့်ပေါ၊ ခင်လိန်၊ ပင်သည်၊ ကွမ်းဘောင်တို့ဖြစ်ပြီး၊ အင်းတော်သည် အင်း‌တော်၊ နန့်ပေါသည် နဘား၊ ပင်သည် သည် ပင်သချေ၊ ခင်လိန်သည် ယခုပျက်သွားပြီး၊ ကွမ်းဘောင်သည် ထီးချိုင့်မြို့နယ်တွင် ပါဝင်သွားသည်။ နန့်သဲသည် ယခင်က မန်လည်ငါးရပ်တွင် ပါဝင်ခဲ့သော်လည်း ဘိုးတော်ဘုရား လက်ထက် မဲဇာ(၇)ရွာ ဖွဲ့စည်းရာတွင် မဲဇာသို့ ပါသွားခဲ့ပါသည်။ မြန်မာ သက္ကရာဇ် (၁၂၄၇)ခုနှစ်၊ သီပေါမင်းလက်ထက်တွင် ဦးပုကို မန်လည် မြို့ဝန်အဖြစ် ခန့်အပ်သည်။ ၁၈၈၅ ခုနှစ်၊ သီပေါမင်းပါတော်မူပြီးချိန် (၁၈၈၆)ခု၊ အင်္ဂလိပ်များကို စတင် ပုန်ကန်သောအခါ အင်းတော်နယ်သူ/ နယ်သားများ ပါဝင်ခဲ့ကြသည်။ (၁၈၉၅)ခုနှစ်တွင် နမ်းခမ်း-မိုးညှင်း မီးရထားလမ်း ဖောက်လုပ်ရာ ၎င်းနှစ်မှာပင် မဲဇာ၊ ဆည်ရွာ၊ အင်းတော်၊ နဘား၊ မော်လူး၊ ပင်ဝယ် ဘူတာ(၆)ခု ဖွင့်လှစ်ပေးခဲ့ပါသည်။ သို့သော် အင်းတော်ဘူတာတစ်ဝိုက်၌ အင်းတော်မြို့နယ် မပေါ်ပေါက်သေးပဲ မန်လည်အုပ်ချုပ်ရေး တည်ဆဲဖြစ်ပါသည်။ မန်လည်အုပ်ချုပ်ရေးနှင့်အပြိုင် မော်လူးမြို့နယ်ကို ဖွဲ့စည်းခဲ့ပြီး မြို့ပိုင်းရုံး၊ ရဲဌာန၊ ငွေတိုက်များ ဖွင့်လှစ်ခဲ့ပါသည်။ (၁၉၂၀) ခုနှစ်ခန့်တွင် မော်လူးနှင့် မန်လည်မြို့များ ဖျက်သိမ်းပြီး မိုးညှင်းမြို့နယ်၊ အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်များ ပေါ်လာ ခဲ့ပါသည်။ အင်္ဂလိပ်အစိုးရသည် မန်လည်သား ဦးကျော် ဆိုသူကို မြို့အုပ်ခန့်အပ်ပြီး အင်းတော်မြို့နယ်ကို အုပ်ချုပ်စေခဲ့ပါ သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်တွင် မြန်မာအစိုးရမှ ခန့်အပ်သည့်ဝန်ထမ်းများဖြင့် ယနေ့တိုင် ဆက်လက် အုပ်ချုပ်လျက်ရှိပါသည်။

ပထဝီဝင် အနေအထား

တည်နေရာ၊ အကျယ်အဝန်း

အင်းတော်မြို့နယ်သည် ‌မြောက်လတ္တီတွဒ် ၂၃ ဒီဂရီ ၅၃ မိနစ်   --- စက္ကန့်နှင့် ၂၄ ဒီဂရီ ၄၃ မိနစ်၊--- စက္ကန့် အကြား အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၅ မိနစ်၊--- စက္ကန့်နှင့် ၉၆ ဒီဂရီ ၈ မိနစ်၊ ---စက္ကန့် အကြားတွင် တည်ရှိပါသည်။ အရှေ့မှ အနောက်သို့(၁၉)မိုင်နှင့် တောင်မှမြောက်သို့(၅၃)မိုင် ရှည်လျားပါသည်။ အင်းတော်မြို့နယ်၏ ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

 

စဉ်

မြို့အမည်

မြို့ဧရိယာ

စတုရန်းမိုင်

ကျေးရွာအုပ်စု

ဧရိယာ

စတုရန်းမိုင်

မြို့နယ်ဧရိယာ

စတုရန်းမိုင်

အင်းတော်

၀.၂၉၂

၇၃၂.၇၂၉

၇၃၃.၀၂၁

မြို့နယ်ချုပ်

   

၇၃၃.၀၂၁

နယ်နမိတ်

အင်းတော်မြို့နယ်၏ အရှေ့ဘက်တွင် ကသာမြို့နယ်၊ တောင်ဘက်တွင် ထီးချိုင့်မြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ဝန်းသိုမြို့နယ်၊ ဗန်းမောက်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် မိုးညှင်းမြို့နယ် (ကချင်ပြည်နယ်)တို့ နှင့် နယ်နိမိတ်ထိစပ်လျက် ရှိပါသည်။

မြေမျက်နှာသွင်ပြင်

အင်းတော်မြို့နယ်တွင် မြစ်ချောင်းနည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး၊ မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပါသည်။ ထင်ရှားသောချောင်းမှာ မဲဇာချောင်းဖြစ်ပြီး၊ အင်းတော်မြို့မှ (၆)မိုင်ခန့်အကွာ ဖြတ်သန်း၍ မြောက်မှ တောင်သို့ စီးဆင်းပါသည်။ ဒေသတွင်းရှိ လေးတန်ချောင်း၊ နမီးချောင်းတို့မှာ ထူးခြားစွာ တောင်မှမြောက်သို့ စီးဆင်း၍ မဲဇာချောင်းအတွင်း စီးဝင်ပါသည်။ ဒေသတွင်းရှိ ရေအရင်းအမြစ်အများစုမှာ ရေချိုဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ အသုံးပြုနိုင်ပြီး၊ မိုးရာသီတွင် မဲဇာချောင်းအတွင်း၌ ရေအနက် (၂၀)ပေခန့်သာရှိ၍ စက်လှေများ သွားလာနိုင်ပါသည်။

ရေဆင်း

အင်းတော်မြို့နယ်တွင် မြစ်ချောင်းနည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး၊ မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပါသည်။ ထင်ရှားသောချောင်းမှာ မဲဇာချောင်းဖြစ်ပြီး၊ အင်းတော်မြို့မှ (၆)မိုင်ခန့်အကွာ ဖြတ်သန်း၍ မြောက်မှ တောင်သို့ စီးဆင်းပါသည်။ ဒေသတွင်းရှိ လေးတန်ချောင်း၊ နမီးချောင်းတို့မှာ ထူးခြားစွာ တောင်မှမြောက်သို့ စီးဆင်း၍ မဲဇာချောင်းအတွင်း စီးဝင်ပါသည်။ ဒေသတွင်းရှိ ရေအရင်းအမြစ်အများစုမှာ ရေချိုဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ အသုံးပြုနိုင်ပြီး၊ မိုးရာသီတွင် မဲဇာချောင်းအတွင်း၌ ရေအနက် (၂၀)ပေခန့်သာရှိ၍ စက်လှေများ သွားလာနိုင်ပါသည်။

ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်

အင်းတော်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက် ပျှမ်းမျှအမြင့် (၄ဝဝ)ပေ အထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ   မိုးစွန်နံတောင်တန်းဖြစ်၍ ပင်လယ်ရေမျက်နှာပြင် အထက်(၂၆၂၁)ပေဖြစ်၍ မြို့နယ်၏အနိမ့်ဆုံးအရပ် ဒေသမှာ တောင်ဘက်အရပ် ဖြစ်ပါသည်။


ဆက်လက်ဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ>>>Click Here

 

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon