ထီးချိုင့်မြို့နယ်

ထီးချိုင့်မြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များ

နိဒါန်းနှင့်ဒေသသမိုင်း

နိဒါန်း

၁။        စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များပြုစုခြင်းဖြင့် မိမိတို့၏ လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုသကဲ့သို့ အကြီးအကဲများ နယ်မြေသို့ကွင်းဆင်းရာတွင် နယ်မြေ၏ အချက်အလက်များကို လွယ်ကူစွာသိရှိနိုင်မည်ဖြစ်ပါသည်။ ဤစာအုပ်သည် ထီးချိုင့်မြို့နယ်၏ ဒေသဆိုင်ရာ အချက် အလက်များ(၂၀၁၇၊ မတ်လကုန်ထိ)ကို သက်ဆိုင်ရာဌာနအသီးသီးမှပေးပို့သော ကိန်းဂဏန်းများနှင့်အညီ ပြုစုတင်ပြထား ခြင်းဖြစ်ပါသည်။

ဒေသသမိုင်း

၂။        ထီးချိုင့်မြို့သည် ကောဇာသက္ကရာဇ် ( ၃၅၉ ) ခု ၊ တပေါင်း လဆန်း ( ၁၂ ) ရက်၊ သောကြာနေ့တွင် အနော်ရထာ မင်းစောသည် မောနိုင်ငံဖြစ်သော ကမ္ဘောဇတိုင်းနှင့် မြန်မာဖြစ်သော တမ္ပဒီပတိုင်းနှစ်တိုင်းကြား၌ ရောနှောမှုမဖြစ်စေရန် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတို့တွင် တပ်မြို့များကိုတည်ထားရာ တပ်မြို့ တစ်မြို့ အဖြစ်ပါဝင်ခဲ့ပါသည်။

ပထဝီဝင်အနေအထား

တည်နေရာ၊အကျယ်အဝန်း

၃။             ထီးချိုင့်မြို့နယ်သည် ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင်အတွင်းရှိ မြို့နယ်တစ်ခုဖြစ်ပါသည်။ မြောက်လတ္တီ တွဒ်(၂၃)ဒီဂရီ (၃၀)မိနစ်၊ (-)စက္ကန့်နှင့်(၂၄)ဒီဂရီ(၁၅)မိနစ် ၊(-)စက္ကန့်ကြား၊ အရှေ့လောင်ဂျီတွဒ်(၉၅)ဒီဂရီ(၅၇)မိနစ်၊ (-) စက္ကန့်နှင့်(၉၆)ဒီဂရီ(၂၆)မိနစ်၊ (-)စက္ကန့်ကြားတည်ရှိပါသည်။ အရှေ့မှအနောက်သို့( ၄၃ )မိုင်နှင့်တောင်မှမြောက်သို့( ၃၉.၄ ) မိုင် ရှည်လျားပါသည်။ထီးချိုင့်မြို့နယ်နှင့် မြို့တို့၏ ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

စဉ်

မြို့အမည်

မြို့ဧရိယာ စတုရန်းမိုင်

ကျေးရွာအုပ်စုဧရိယာ စတုရန်းမိုင်

မြို့နယ်ဧရိယာ စတုရန်းမိုင်

ထီးချိုင့်

၁.၀၄၈

၆၉၆.၄၂၂

၆၉၇.၄၇

နယ်နိမိတ်

၄။        ထီးချိုင့်မြို့နယ်၏အရှေ့ဘက်တွင်     မဘိမ်းမြို့နယ်(ရှမ်းမြောက်)၊ မိုးမိတ်မြို့နယ် ၊ တောင်ဘက်တွင် သပိတ်ကျင်း မြို့နယ်(မန္တလေးတိုင်းဒေသကြီး)၊ အနောက်ဘက်တွင် ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်နှင့် မြောက်ဘက်တွင် ကသာ မြို့နယ်၊ အင်းတော်မြို့နယ်တို့ နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

၅။        မင်းဝံတောင်တန်း၊ ကန့်ကော်တောင်တန်း၊ တကောင်းတောင်တန်းများတည်ရှိပြီး ဧရာဝတီမြစ်နှင့် မဲဇာမြစ်တို့ ဖြတ် သန်းစီးဆင်းပါသည်။

ရေဆင်း

၆။        ထီးချိုင့်မြို့နယ်သည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိပြီး ဧရာဝတီမြစ်သည် မြောက်မှတောင်သို့ (၃၄) မိုင်ခန့် ဖြတ်သန်းစီးဆင်းပါသည်။ မဲဇာမြစ်သည် ဗန်းမောက်မြို့နယ်မှမြစ်ဖျားခံ၍ ထီးချိုင့်မြို့နယ်အတွင်း အနောက်ဘက် ကပ်လျှက် အနောက်တောင်ဘက်သို့စီးဆင်းပြီး ညောင်ပင်သာကျေးရွာအနီးတွင် ဧရာဝတီမြစ်နှင့် ပေါင်းဆုံပါသည်။

ပင်လယ်ရေမျက်နှာပြင်အမြင့်

၇။        ထီးချိုင့်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက် (၃၁၀) ပေ အမြင့်တွင်ရှိပါသည်။

ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်

ရာသီဥတု

၈။        ထီးချိုင့်မြို့နယ်သည် ပူအိုက်စိုစွတ်သော သမနွေး ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် ( ၄၂ C )နှင့် အနိမ့်ဆုံး အပူချိန်မှာ ( ၂၃ C) ဖြစ်ပါသည်။ နှစ်အလိုက်ဖြစ်ပေါ်ခဲ့သော မိုးရေချိန်နှင့် အပူချိန်မှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည် -

 

စဉ်

ခုနှစ်

မိုးရေချိန်

အပူချိန်

မိုးရွာ

ရက်

စုစုပေါင်း

မိုးရေချိန်

(လက်မ)

နွေရာသီ

(H C)

ဆောင်းရာသီ

(H C)

အမြင့်ဆုံး

အနိမ့်ဆုံး

၂၀၁၄

၅၄

၂၇.၈၀

၄၂

၂၅

၂၀၁၅

၇၅

၅၉.၈၆

၄၂

၂၅

၂၀၁၆

၆၅

၄၀.၁၇

၄၂

၂၃

၂၀၁၇

၀.၆၄

၄၂

၂၃

 

 

 

More Information

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon