ကလေးမြို့နယ်

ကလေးမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်း

ဒေသသမိုင်းအကျဉ်း

ကလေးမြို့နယ်သည် ရှေးဟောင်းသမိုင်းဝင်နယ်မြေတစ်ခုဖြစ်ပါသည်။ စောခမ်းလှ၏အဆက်အနွယ်   မိုးကောင်း မဟာစောလှကြီး၏သားတော် ကျေးတောင်ညိုမင်းသားသည်  ကောဇာသက္ကရာဇ်(၃၂ဝ)၊ အေဒီ(၉၆၆) တပို့တွဲလပြည့်ကျော် ( ၅ )ရက်၊ တနင်္ဂနွေနေ့၊ နေ့တက်(၂)ဖစီးချိန်တွင် ပထမ ကလေးမြို့ကို( မာန်လုံမြို့၊ ရွှေတောင်မြို့၊ စဉ်တုံမြို့၊ ခမ်းပတ်မြို့) မြို့လေးမြို့ ကာရန်နေသောကြောင့် ကာလေးမြို့ဟုခေါ်တွင်ခဲ့ပြီး     ကာလရှည်ကြာပြောင်းလဲလာမှုအရ ကလေးမြို့ဟု ခေါ်တွင်ခဲ့ပါသည်။

ပထဝီဝင်အနေအထား

တည်နေရာနှင့်အကျယ်အဝန်း

ကလေးမြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီး၏ အနောက်မြောက် ပိုင်းမြောက်လတ္တီတွဒ်( ၂၂.၃၆ မှ ၂၃.၃၈ )ဒီဂရီ အရှေ့လောင်ဂျီတွဒ် (၉၃.၅၈မှ၉၄.၁၆)ဒီဂရီအကြားတွင် တည်ရှိပါသည်။ ကလေးမြို့၏အကျယ်အ၀န်းမှာ( ၉၀၂.၆၁၆ ) စတုရန်းမိုင်( ၅၇၇၆၇၄ ) ဧကကျယ်၀န်းပါသည်။ ကလေးမြို့နယ်နှင့်မြို့တို့၏ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်

မြို့နယ်

မြို့စတုရန်းမိုင်

ကျေးရွာအုပ်စု

စတုရန်းမိုင်

မြို့နယ်

စတုရန်းမိုင်

ကလေး

၁၈.၆၀

၈၈၄.၀၁

၉၀၂.၆၁

       

နယ်နမိတ်

ကလေးမြို့နယ်၏အရှေ့ဘက်တွင် ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ်၊ တောင်ဘက်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင်ချင်းပြည်နယ် ၊ အနောက်မြောက်ဘက်တွင် တမူးမြို့နယ် ၊ အရှေ့ မြောက်ဘက်တွင်   မော်လိုက်မြို့နယ်တို့နှင့်နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

        ကလေးမြို့နယ်၏ မြေမျက်နှာသွင်ပြင်အနေအထားမှာ အရှေ့ဘက်တွင် ပုံတောင်ပုံညာတောင်တန်း ၊ အနောက်ဘက် တွင် ချင်းတောင်တန်းတို့တောင်မြောက်သွယ်တန်းလျှက်ရှိပါသည်။ ၄င်းတောင်တန်းနှစ်ခုကြားတွင် ကျဉ်းမြောင်း၍ရှည် လျားသောချိုင့်ဝှမ်းလွင်ပြင်ဖြစ်ပေါ်နေသည်။ အချို့နေရာများတွင်အနည်းငယ်မြှင့်တက်နေသည့် တောင်ကုန်းတောင်တန်း များရှိပါသည်။

ရေဆင်း

မြစ်သာမြစ်သည်ကလေးမြို့နယ်၏   အလယ်ဗဟိုခန့်တွင် တောင်မှမြောက်သို့ ဖြတ်သန်းစီးဆင်းပြီး နေရဉ္စရာမြစ် သည် မြောက်မှတောင်သို့စီးဆင်း၍ မြစ်သာမြစ်တွင် ပေါင်းဆုံသည်မြစ်သာမြစ်သည် နွေရာသီတွင်ရေ အနက်(၂)ပေခန့်သာ ရှိ၍ စက်လှေများမသွားလာနိုင်ပါ။ ကလေးမြို့နယ်တွင်ထင်ရှားသောမြစ်များမှာ မြစ်သာမြစ်နှင့်နေရဉ္စရာမြစ်တို့ဖြစ်ပါသည်။ စိုက်ပျိုး ရေ၊ သောက်သုံး ရေစသည်ဖြင့် အသုံးပြုနိုင်သည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

ကလေးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် (၄၅ဝ) ပေအထက်တွင် တည်ရှိပါသည်။

ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်

ရာသီဥတု

        ကလေးမြို့နယ်သည် ပူအိုက်စွတ်စိုသောရာသီဥတုရှိပြီး၊ အမြင့်ဆုံးအပူချိန်(၄၇.၅c)နှင့်အနိမ့်ဆုံးအပူချိန်မှာ(၀၈.၆c) ဖြစ်ပါသည်။ နှစ်အလိုက်ဖြစ်ပေါ်ခဲ့သော မိုးရေချိန်နှင့်အပူချိန်မှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

 

စဉ်

ခုနှစ်

မိုးရေချိန်

အပူချိန်

မိုးရွာရက်

စုစုပေါင်း မိုးရေချိန် (လက်မ)

နွေရာသီ

(.C)

ဆောင်းရာသီ (.C)

အမြင့်ဆုံး

အနိမ့်ဆုံး

၂၀၁၄

၆၆

၃၇.၇၂''

၄ဝ.ဝ

၀၈.၅

၂၀၁၅

၉၃

၇၆.၈၅''

၃၁.၀

၀၉.၅

၂၀၁၆

၉၉

၆၆.၃၉

၄၁.၅

၉.၅

၂၀၁၇

၁၂

၂.၅၆

၃၉.၃

-

 

More Information

 

 

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon