ကလေးဝမြို့နယ်

ကလေးဝမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်းအကျဉ်း

မြန်မာမင်းများအုပ်စိုးစဉ်တွင် ကလေး၀မြို့မှာ မတည်ရှိခဲ့သေးပဲ ယခုကလေး၀မြို့နယ်၊ မစိန်ရွာနှင့်ကိုင်းရွာတို့သာ ရွှေမှူးများထားရှိကာ မင်းကင်းမြို့၀န်မှ အုပ်ချုပ်ခဲ့ပါသည်။ ဗြိသိသျှကိုလိုနီခေတ် ၁၉၀၂ခုနှစ်တွင် အုပ်ချုပ်ရေးနယ်မြေ ပြင်ဆင်သောအခါ ကလေးမြို့နှင့် ကလေး၀မြို့နယ်ကို ဖွဲ့စည်းသတ်မှတ်ခဲ့ကြောင်း ၁၉၁၁ ခုနှစ်ထုတ် အထက်ချင်းတွင်း ဂေဇက်တီးယားတွင် ဖော်ပြထားသည်ကို တွေ့ရပါသည်။ ကလေး၀ဟူသော အမည်မှာ ကလေးမြို့နယ်မှ ဖြတ်၍ တောင်မှမြောက်သို့ စီးဆင်းကာ ချင်းတွင်းမြစ်အတွင်း စီး၀င်သော မြစ်သာမြစ်၏ အ၀တွင် တည်ရှိသော မြို့ဖြစ်သောကြောင့် လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးအရ ကလေးမြို့၏ တံခါး၀သဖွယ် တည်ရှိခြင်းကြောင့်လည်းကောင်း ကလေး၀ဟု သမုတ်ခဲ့ဟန်ရှိကြောင်း ယူဆရပါသည်။ အုပ်ချုပ်ရေးအနေအထားနှင့် လမ်းပန်းဆက်သွယ်ရေးအရ ကလေး၀မြို့နယ်ကို ရပ်ကွက်(၃)ခုနှင့် ကျေးရွာအုပ်စု (၃၆)အုပ်စု၊ ကျေးရွာပေါင်း (၁၂၅)ရွာတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းကြောင်း ပြည်ထဲရေးနှင့် သာသနာရေး၀န်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ၁၃၃၄ခုနှစ်၊ တန်ဆောင်မုန်းလဆုပ် (၅)ရက်၊ ၁၉၇၂ ခုနှစ် နို၀င်ဘာလ(၂၅)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၁၁၃)ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

ပထဝီဝင်အနေအထား

တည်နေရာ၊ အကျယ်အဝန်း

ကလေးဝမြို့နယ်သည် ‌မြောက်လတ္တီတွဒ်   ၂၂ ဒီဂရီ ၅၈မိနစ် နှင့်၂၃ ဒီဂရီ ၃၇ မိနစ်အကြား အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၁၁မိနစ်နှင့် ၉၄ ဒီဂရီ ၅၈မိနစ် အကြားတွင် တည်ရှိပါသည်။ အရှေ့မှ အနောက်သို့ ( ၃၈.၆ ) မိုင်နှင့် တောင်မှ မြောက်သို့ (၂၃.၅)မိုင် ရှည်လျားပါသည်။ ကလေးဝမြို့နယ်နှင့် မြို့တို့၏ ဧရိယာစတုရန်းမိုင်မှာ(၉၀၆.၉၄)ဖြစ်ပါသည်။


စဉ်

မြို့နယ်

မြို့ဧရိယာ စတုရန်းမိုင်

ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင်

မြို့နယ်ဧရိယာ စတုရန်းမိုင်

ကလေးဝ

၁.၂၈

၉၀၅.၆၆

၉၀၆.၉၄

 

မြို့နယ်ချုပ်

၁.၂၈

၉၀၅.၆၆

၉၀၆.၉၄

နယ်နိမိတ်

ကလေး၀မြို့နယ်၏ အရှေ့ဘက်တွင် ကျွန်းလှမြို့နယ်နှင့် တန့်ဆည်မြို့နယ်၊ အနောက်ဘက်တွင် ကလေးမြို့နယ်၊ တောင်ဘက်တွင် မင်းကင်းမြို့နယ်နှင့် မြောက်ဘက်တွင် မော်လိုက်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

ကလေး၀မြို့နယ်သည် တောင်ကုန်းတောင်တန်း ထူထပ်များပြားပါသည်။ ကလေး၀မြို့သည် ပင်လယ်ရေမျက်နှာပြင် အထက် (၃၉၈.၅၉၅)ပေ မြင့်ပါသည်။ မြို့နယ်အတွင်းအမြင့်ဆုံး တောင်မှာ သော့ကျင်တောင် ဖြစ်ပါသည်။

ရေဆင်း

ကလေး၀မြို့နယ်သည် ချောင်းငယ်များပေါများသည့် ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျက် ရှိပါသည်။ ထင်ရှားသောမြစ်များမှာ ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်တို့ ဖြစ်ပါသည်။ မြို့နယ်တွင်းရှိ မြစ်သာမြစ်မှာ ထူးခြားစွာ အနောက်မှအရှေ့သို့ စီးဆင်း၍ ချင်းတွင်းမြစ်အတွင်းသို့ စီး၀င်ပါသည်။ မြို့နယ်တွင်းရှိ ရေအရင်းအမြစ်အများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ အသုံးပြုနိုင်ပါသည်။ ချင်းတွင်းမြစ်မှာ နွေရာသီတွင် ရေအနက်ပေ (၂.၉)ပေခန့်သာ ရှိ၍ မော်တော်များသာ သွားလာနိုင်ပါသည်။

ပင်လယ်ရေမျက်နှာပြင် အမြင့်

ကလေး၀မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက် (၃၉၈.၅၉၅)ပေ အထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ သော့ကျင်တောင်ဖြစ်၍ မြို့နယ်၏ အနိမ့်ဆုံးဒေသမှာ အမှတ်(၁)ရပ်ကွက် ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ>>>Click Here

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon