မင်းကင်းမြို့နယ်

မင်းကင်းမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်း

ဒေသသမိုင်းအကျဉ်း

မင်းကင်းမြို့နယ်သည် သာသနာတော်(၁၀၀)ပြည့်နှစ် ဒီဇာလာရိကမင်းကြီးသည် နယ်ပယ်လေးရပ် ပိုင်းခြားရာတွင် ယခုမင်းကင်းမြို့ကို ကင်းရံမြို့ဟု တည်ထောင်ခဲ့ပါသည်။ နရပတိစည်သူမင်းကြီး နန်းစံသက် (၈)နှစ်မြောက်သော် ကင်းရံ မြို့ကြီး ပျက်စီးလုနီးပါးဖြစ်နေ၍ မိမိတည်ထားခဲ့သော ဆင်မင်းဝံဘုရားနှင့် ရွှေစကားရုပ်ပွားတော်တို့ ပျက်ပြားမည်ကို စိုးရိမ်သဖြင့် အမတ်ကြီးရန်အောင်ဇေယျကိုစေလွှတ်ပြီး မြို့ကိုရှင်းလင်းစေရာတွင် ဖိုခနောက်ဆိုင်တည်ရှိသော စေတီတော် မြတ်တို့ကိုဖူးတွေ့ရ၍ မြို့စားအားမေးသည်ရှိသော် မြို့စားက သီရိဓမ္မာသောမင်းကြီးသည်ဘုရားဝင်တို့၏ ဓါတ်တော် တူးဖော်ဝေငှရာ နွယ်ပတ်မြို့အရှင်လန္တပါလမင်းရခဲ့သော ဓါတ်တော်တို့ကိုဌာပနာ၍တည်ထားတော်မူခဲ့သော ပတ္တမြားစေတီ၊ မြသိန်းတန်စေတီ၊ မြပုဂံစေတီများဖြစ်ကြောင်း လျှောက်ထားရာ အမတ်ကြီးရန်အောင်ဇေယျက ဤအရပ်သည် မာန်(၅)ပါး တို့ကို အောင်မြင်ကင်းရှင်းတော်မူသော ဘုရားတို့၏ဓါတ်တော်များ ကိန်းဝပ်တော်မူရာဖြစ်၍ ရှေးအမည်လည်းမပျက်စေဘဲ မာန်ကင်းမြို့တွင်စေဟု အမိန့်တော်ရှိပြီးမှ အမတ်ကြီးရန်အောင်ဇေယျက(၅၃၄)ခု တပေါင်းလဆန်း(၇)၊ ကြာသပတေးနေ့ နှစ်ချက်တီးကျော်အချိန်တွင် ရတနာသုံးပါးကိုဦးထိပ်ထား၍ မာန်ကင်းမြို့၊ ယခုမင်းကင်းမြို့ကို တည်ထားတော်မူခဲ့ပါ သည်။

ပထဝီဝင် အနေအထား

တည်နေရာနှင့်အကျယ်အဝန်း

 

မင်းကင်းမြို့နယ်သည် ‌မြောက်လတ္တီတွဒ်၂၂ဒီဂရီ ၁၅ မိနစ်နှင့်၂၃ ဒီဂရီ ၂၀ မိနစ်အကြား အရှေ့လောင်ဂျီတွဒ်၃၄ ဒီဂရီ၁၂မိနစ် နှင့်၉၄ ဒီဂရီ ၅၉ မိနစ် အကြားတွင် တည်ရှိပါသည်။ အရှေ့မှအနောက်သို့ (၄၄)မိုင်နှင့် တောင်မှမြောက်သို့ (၆၅)မိုင် ရှည် လျားပါသည်။ မင်းကင်းမြို့နယ်နှင့် မြို့တို့၏ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

စဉ်

မြို့အမည်

မြို့ဧရိယာ စတုရန်းမိုင်

ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင်

မြို့နယ် ဧရိယာ စတုရန်းမိုင်

မင်းကင်း

၀.၃၇၃

၁၅၂၆.၆၆

၁၅၂၇.၀၃

မြို့နယ်ချုပ်

၀.၃၇၃

၁၅၂၆.၆၆

၁၅၂၇.၀၃

 

နယ်နိမိတ်

 

မင်းကင်းမြို့နယ်သည် အရှေ့မြောက်ဘက်တွင် ကျွန်းလှမြို့နယ်၊ တောင်ဘက်တွင် ကနီမြို့နယ်၊ အနောက်ဘက်တွင် ဂန့်ကောမြို့နယ် ကလေးမြို့နယ်တို့နှင့် မြောက်ဘက်တွင် ကလေး၀မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိပါသည်။


မြေမျက်နှာသွင်ပြင်

မင်းကင်းမြို့နယ်သည် မြေမျက်နှာပြင်ညီညာပြန့်ပြူးမှုမရှိဘဲ တောင်ကုန်းတောင်တန်းများပေါများပြီး မြေပြန့် ချိုင့်ဝှမ်းလွင်ပြင်နည်းပါးပါသည်။ သစ်တောမြေဧရိယာများပြား၍စိုက်ပျိုးရေးမြေဧကမှာ နည်းပါးပါသည်။ မြို့နယ်အတွင်း ၌ရွှေသမင်တောင်တန်း၊ ပုံတောင်ပုံညာတောင်တန်းများရှိပါသည်။ ရွှေသမင်တောင်တန်းပေါ်၌ အမြင့်ပေ(၁၄၁၆)ပေရှိသော တောင်ထွဋ်ရှိပြီးပုံတောင်ပုံညာတောင်ပေါ်၌အမြင့်ပေ(၄၂၈၁)ပေရှိတောင်ထွဋ်တို့ရှိပါသည်။

ရေဆင်း

မင်ကင်းမြို့နယ်တွင် မြစ်ချောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပြီး ထင်ရှားသည့်မြစ်ချောင်းများမှာ ချင်းတွင်း မြစ်၊ တောင်တွင်းချောင်း၊ မောက္ကတော်ချောင်း၊ မိုးကောင်းချောင်း၊ သံပေါက်ချောင်း၊ အလောင်းတော်ကဿဖချောင်းတို့ ဖြစ်ပါသည်။ မြစ်ချောင်းအများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ စသည်ဖြင့်အသုံးပြုနိုင်သည်။ ချင်းတွင်း မြစ်သည်သင်္ဘော/စက်လှေများလည်းသွားလာနိုင်သောမြစ်ဖြစ်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

မင်းကင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်(၄၃၈)ပေ အထက်တွင်တည်ရှိပါသည်။

ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်

ရာသီဥတု

မင်းကင်းမြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး၊ အမြင့်ဆုံးအပူချိန် (၄၅.၇.c) နှင့် အနိမ့်ဆုံး အပူချိန်မှာ  ( ၈.၇ .c) ဖြစ်ပါသည်။ နှစ်အလိုက် ဖြစ်ပေါ်ခဲ့သော မိုးရေချိန်နှင့်အပူချိန်မှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

စဉ်

ခုနှစ်

မိုးရေချိန်

အပူချိန်

မိုးရွာရက်

စုစုပေါင်း မိုးရေချိန် (လက်မ)

နွေရာသီ (.C)

ဆောင်းရာသီ (.C)

အမြင့်ဆုံး

အနိမ့်ဆုံး

၂၀၁၄

၄၄

၂၉.၉၀

၄၃.၃

၀၅.၂

၂၀၁၅

၈၀

၆၁.၈၉

၄၂.၅

၀၇.၀

၂၀၁၆

၈၇

၄၇.၆၀

၄၃.၂

၀၅.၂

၂၀၁၇

၀.၅၁

၃၈.၀

-

 

 

More Information

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon