မော်လိုက်မြို့နယ်

မော်လိုက်မြို့နယ်ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်း

ဒေသသမိုင်းအကျဉ်း

မော်လိုက်မြို့နယ်၏မူလအမည်မှာ ''မော်လိဒ်" ဖြစ်ပါသည်။ ''မော်လိဒ်"အမည်မှာ ရှမ်းဝေါဟာရဖြစ်ပြီး ရှမ်းလူမျိုး များ မူလအစနေထိုင်ခဲ့ကြပါသည်။''မော်"ဆိုသည်မှာ ရှမ်းဘာသာဖြင့် တွင်းဟုခေါ်ပြီး''လိဒ်" သည် သံဟုခေါ်သောကြောင့် သံထွက်သောတွင်းဟုရှမ်းဘာသာဖြင့် ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။"မော်လိဒ်"မှ "မော်လိုက်"ဟု တဖြေးဖြေးပြောင်းလဲခဲ့ပါ သည်။၁၈၈၆ခုနှစ်တွင်အင်္ဂလိပ်တို့သည်မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးနောက်ချင်းတွင်းမြစ်ကိုဆန်တက်၍ ကင်းတပ်ဒေသတွင် အထက်ချင်းတွင်းခရိုင်မြို့အဖြစ်သတ်မှတ်ကာ ရုံး၊ ထောင်၊ ဆေးရုံ၊ ကြေးနန်းစာတိုက် စသည့်အဆောက်အဦးများ ဆောက် လုပ်ခဲ့ကြသည်။ ထိုအချိန်ကမော်လိုက်သည် သူကြီးအုပ်ချုပ်သောရွာတစ်ရွာဖြစ်ပါသည်။ အရေးပိုင်မင်း မစ္စတာဖောက်ကား လက်ထက်၁၉၁၆ခုနှစ်၊ဇွန်လ(၂၄)ရက်နေ့တွင်ကင်းတပ်၏အောက်ဖက်(၆)မိုင်အကွာရှိချင်းတွင်းမြစ်၏အနောက်ဘက်ကမ်း မော်လိုက်ရွာတွင် ရုံးစိုက်ပြီး ခရိုင်ရုံးစိုက်ရာမြို့အဖြစ် သတ်မှတ်တည်ထောင်ခဲ့ရာ အထက်ချင်းတွင်းခရိုင် မော်လိုက်မြို့ ဟု ထင်ရှားခဲ့ပါသည်။ မော်လိုက်ခရိုင်သည် မူလက ကလေး၊ ကလေးဝ၊ မင်းကင်း၊ မော်လိုက်၊ ဖောင်းပြင်၊ တမူး(၆)မြို့နယ်ဖြင့် ဖွဲ့စည်းခဲ့သော ခရိုင်ဖြစ်ပြီး၁၉၇၂ခုနှစ် စနစ်သစ်အုပ်ချုပ်ရေး ကာလတွင် ခရိုင်ဖျက်သိမ်းခဲ့ပါသည်။ မော်လိုက်မြို့အား ပြည်ထဲရေးနှင့်သသာနာရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏(၂၇.၇.၁၉၇၂)ရက်စွဲပါအမိန့် ကြော်ငြာစာဖြင့် မြို့အဖြစ်သတ်မှတ်ခဲ့ပါသည်။ ၁၉၈၈ခုနှစ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့တာဝန်ယူသည့်ကာလတွင်မော်လိုက်မြို့နယ် စုအဖြစ် ကလေးမြို့တွင် ရုံးဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက်ကလေးမြို့သည် အုပ်ချုပ်ရေးလမ်ပန်း၊ ဆက်သွယ်ရေး အချက် အခြာကျသောဒေသဖြစ်သဖြင့် မော်လိုက်မြို့နယ်စုအား ကလေးမြို့နယ်စုအဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ ၁၉၉၃ခုနှစ် နိုဝင်ဘာလတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ခရီးစဉ်တွင် လုပ်ငန်းသွက်လက်မြန်ဆန်ရေးအတွက် ကလေး ခရိုင်၊မော်လိုက်ခရိုင်သီးခြားဖွင့်လှစ်ရန်ညွန်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာန၏၁၉၉၄ခုနှစ်ဖေဖော်ဝါရီလ(၁၀)နေ့စွဲပါ အမိန့်ကြော်ငြာ စာအမှတ်(၄၈)၊ စာအမှတ်၊၁/၉ အထ-၂ဖြင့် မော်လိုက်၊ ဖောင်းပြင်၊ တမူးမြို့နယ်(၃)မြို့နယ်ပါ၀င်သည့် မော်လိုက်ခရိုင်အဖြစ် ဖွဲ့စည်းခဲ့ပါသည်။ မော်လိုက်ခရိုင်ကို (၁.၃.၁၉၉၄) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်​ဆောက်ရေးအဖွဲ့၏ ၁၉၉၅ခုနှစ်၊ စက်တင်ဘာလ(၁၈)နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၄၂/၉၅)ဖြင့် တမူးမြို့နယ်အားသီးခြားခရိုင်မြို့အဖြစ် ဖွဲ့စည်းသတ်မှတ်ခဲ့ပါသည်။

ပထဝီဝင် အနေအထား

တည်နေရာ နှင့်အကျယ်အဝန်း

မော်လိုက်မြို့နယ်သည် ‌မြောက်လတ္တီတွဒ်   ၂၃ ဒီဂရီ ၁၂ မိနစ်နှင့်၂၄ ဒီဂရီ ၀၁မိနစ်အကြား အရှေ့လောင်ဂျီတွဒ်၊ ၉၄ဒီဂရီ ၁၁မိနစ်နှင့် ၉၅ ဒီဂရီ ၀၂ မိနစ် အကြားတွင် တည်ရှိပါသည်။ အရှေ့မှအနောက်သို့ (၄၀) မိုင်နှင့် တောင်မှမြောက်သို့ (၃၆)မိုင် ရှည်လျားပါသည်။ မော်လိုက်မြို့နယ်၏ ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်

မြို့အမည်

မြို့ဧရိယာ စတုရန်းမိုင်

ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင်

မြို့နယ်ဧရိယာ စတုရန်းမိုင်

မော်လိုက်

၇.၂၄

၁၃၅၅.၈၂

၁၃၆၃.၀၆

 

မြို့နယ်ချုပ်

၇.၂၄

၁၃၅၅.၈၂

၁၃၆၃.၀၆

နယ်နမိတ်

မော်လိုက်မြို့နယ်၏အရှေ့ဘက်တွင် ကျွန်းလှမြို့နယ်၊ တောင်ဘက်တွင် ကလေးဝမြို့နယ်၊ အနောက်ဘက်တွင် တမူးမြို့နယ်၊ကလေးမြို့နယ်တို့နှင့်ထိစပ်လျက်ရှိပြီးမြောက်ဘက်တွင်ဖောင်းပြင်မြို့နယ်တို့နှင့်   နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

မော်လိုက်မြို့နယ်သည် တောင်ကုန်းတောင်တန်းများပေါများပြီး သစ်တောဖုံးလွှမ်း၍ မြေပြန့်လွင်ပြင်နည်းပါးပါ သည်။ အလယ်ရိုးမနှင့် အနောက်ရိုးမတောင်တန်းနှစ်ခုကြားတွင်တည်ရှိပြီး တောတောင်၊ ချောင်း ၊ မြောင်း၊ ချိုင့်ဝှမ်း ထူထပ်ကာမြို့၏ အနောက်ဘက်တွင် တောင်တန်းများဝန်းရံထားကာ အရှေ့ဘက်တွင် ချင်းတွင်းမြစ်ရှိပါသည်။

ရေဆင်း

မော်လိုက်မြို့နယ်တွင် ချင်းတွင်းမြစ်သည်မြောက်မှတောင်သို့မိုင်(၄၀)ခန့် ဖြတ်သန်းစီးဆင်းလျှက်ရှိပါသည်။မြို့နယ် အတွင်းတွင် ချောင်းများပေါများသော်လည်း သဲဆန်သောချောင်းများဖြစ်သဖြင့် နွေရာသီတွင် ရေခမ်းခြောက်လျှက်ရှိပြီး တစ်နှစ်ပတ်လုံး စီးဆင်းလျှက်ရှိသည့်ချောင်းများမှာ ယူးချောင်း၊ ပန်းသာချောင်း၊ အော်ချောင်း၊ မော်လိုက်ကြီးချောင်း၊ ကိုးတန်ချောင်းတို့ရှိပြီးချောင်းများအားလုံးသည် ချင်းတွင်းမြစ်သို့စီးဝင်ကြပါသည်။ ဒေသအတွင်းရှိရေအရင်းအမြစ်များမှာ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုနိုင်ပြီး ချင်းတွင်းမြစ်မှာ နွေရာသီတွင် အချို့နေရာများသည် ရေတိမ်သဖြင့် သ​ေင်္ဘာများ၊စက်လှေများ သွားလာရေးတွင် ခက်ခဲပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

မော်လိုက်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် (၃၇၃) ပေ အထက်တွင် တည်ရှိပါသည်။



ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်

ရာသီဥတု

မော်လိုက်မြို့နယ်သည် ပူအိုက်စိုစွတ်သောရာသီဥတုရှိပြီး ၊ အမြင့်ဆုံး အပူချိန် (၄၆.၄.c)နှင့်အနိမ့်ဆုံးအပူချိန်မှာ (၆.၀.c) ဖြစ်ပါသည်။ နှစ်အလိုက် ဖြစ်ပေါ်ခဲ့သော မိုးရေချိန်နှင့်အပူချိန်မှာ အောက်ဖော်ပြပါအတိုင်း ဖြစ် ပါသည်-

စဉ်

ခုနှစ်

မိုးရေချိန်

အပူချိန်

မိုးရွာရက်

စုစုပေါင်း မိုးရေချိန် (လက်မ)

နွေရာသီ

(.C)

ဆောင်းရာသီ (.C)

အမြင့်ဆုံး

အနိမ့်ဆုံး

၂၀၁၄

၈၅

၅၅.၇

၄၄.၃

၀၉.၀

၂၀၁၅

၁၀၀

၇၄.၄၃

၄၁.၅

၀၈.၀

၂၀၁၆

၁၀၃

၇၅.၉၂

၄၆.၄

၀၈.၀

၂၀၁၇

၁၃

၅.၃၉

၃၉.၀

၀၈.၀

More Information

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon