ဖောင်းပြင်မြို့နယ်

ဖောင်းပြင်မြို့နယ်ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်း

ဒေသသမိုင်းအကျဉ်း

ဖောင်ပြင်မြို့နယ်သည် ဒုတိယကုန်းဘောင်ခေတ်အထိထင်ရှားခဲ့ခြင်းမရှိသေးပါ။ နယ်ချဲ့လက်ထက်မှ စတင်ကာ ''ဘောင်း​ပြင်''ဟူသော အသုံးအနှုန်းအစား''ဖောင်းပြင်''ဟုခေါ်ဆိုခဲ့ပါသည်။ သို့ရာတွင်ဖောင်းပြင်မြို့ရှိ ရာဇမုနိဘုရားမှတ်စာ ငွေပေလွှာတွင် ဘောင်းပြင်ဟု ရေးသားထားသည့်ကို တွေ့ရှိရပါသည်။ ထို့အပြင် ၁၂၉၄ ခုနှစ်တွင် ရေးထိုးခဲ့သည့် မြို့နယ်ရှိ မဟာမုနိဘုရား ကျောက်စာ စာ​ကြောင်းရေ(၄၂-၄၃) တွင်လည်း ''ဘောင်းပြင်မြို့''ဟု ဖော်ပြထားသည့်ကို တွေ့ရှိရပါသည်။ ယင်းအထောက်အထားများအရ ဖောင်းပြင်သည် ဘောင်းပြင်ဟူသော ​ဝေါဟာရမှ အဆင့်ဆင့် ပြောင်းလဲခေါ်လာသည်ဟု ဆိုရမည်ဖြစ်ပါသည်။ ယနေ့ ရုံးသုံးအမည်နာမနှင့် လူအများစုမှ ဖောင်းပြင်မြို့ဟုပင် ခေါ်​ဝေါ်သုံးစွဲလျက်ရှိကြပါသည်။ ဖောင်းပြင်မြို့နယ်သည် ပြည်ထဲရေး၀န်ကြီးဌာန၏ (၂၈.၂.၁၉၇၃)ရက်စွဲပါစာအမှတ်၊ ၁၀၇/၁၆/စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့်လည်းကောင်း၊ကျေးရွာအုပ်စုများကို ပြည်ထဲရေးနှင့်သာသနာရေး၀န်ကြီးဌာန၏(၂၈.၂.၁၉၇၃)ရက်စွဲ ပစာအမှတ်၊၃/၁၀၆/အထ(၂)ဖြင့်ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာဖြင့်လည်းကောင်း၊ အတည်ပြုဖွဲ့စည်းထားပြီး ဖောင်းပြင် မြို့နယ်တွင် ရပ်ကွက်(၂)ခုနှင့် ကျေးရွာအုပ်စု (၄၀)၊ ကျေးရွာ (၁၇၈)ရွာဖြင့် ဖွဲ့စည်းထားရှိပါသည်။

       

ပထဝီဝင် အနေအထား

တည်နေရာနှင့်အကျယ်အဝန်း

ဖောင်းပြင်မြို့နယ်သည် မြန်မာနိုင်ငံ၏​​မြောက်ပိုင်းတွင်တည်ရှိပြီး စစ်ကိုင်းတိုင်း​ဒေသကြီး၊ မော်လိုက်ခရိုင်တွင် တည်ရှိပါသည်။ ဖောင်းပြင်မြို့နယ်သည် ​မြောက်လတ္တီတွဒ် ၂၄ဒီဂရီ ၄၄မိနစ်နှင့်၂၅ဒီဂရီ ၆၅မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၃၅မိနစ်နှင့် ၉၅ ဒီဂရီ ၀၁ မိနစ်ကြားတွင် တည်ရှိပါသည်။ အကျယ်အဝန်းမှာ မိုင်အားဖြင့်(၁၆၀၂.၈၈) စတုရန်းမိုင်၊ ဧကအားဖြင့် (၁၀၂၅၈၄၆) ဧကရှိပါသည်။ အရှေ့မှအနောက်သို့ မိုင်(၄၀)ရှိပြီး တောင်မှမြောက်သို့ (၄၃)မိုင် ရှည်လျားပါ သည်။ မြို့နယ်နှင့်မြို့၏ ဧရိယာအကျယ်အ၀န်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်

မြို့အမည်

မြို့ဧရိယာ စတုရန်းမိုင်

ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင်

မြို့နယ်ဧရိယာ စတုရန်းမိုင်

ဖောင်းပြင်

၁.၁၀

၁၆၀၁.၇၈

၁၆၀၂.၈၈

မြို့နယ်ချုပ်

၁.၁၀

၁၆၀၁.၇၈

၁၆၀၂.၈၈

နယ်နိမိတ်

ဖောင်းပြင်မြို့နယ်၏အရှေ့ဘက်တွင် ဗန်းမောက်မြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်၊ တောင်ဘက်တွင် မော်လိုက်မြို့နယ်၊ အနောက်ဘက်တွင် တမူးမြို့နယ်၊ မြောက်ဘက်တွင် ဟုမ္မလင်းမြို့နယ်တို့နှင့် နယ်နိမတ်ချင်းထိပ်နေပါသည်။

မြေမျက်နှာသွင်ပြင်

ဖောင်းပြင်မြို့နယ်သည်တောင်ကုန်းတောင်တန်းပေါများသည့်ဒေသဖြစ်ပြီးသစ်တောများဖုံးလွှမ်းမှု(၈၀.၇၀)ရာနှုန်းရှိပါသည်။ အလယ်ရိုးမဇီးဖြူတောင်တန်းနှင့်အနောက်ရိုးမတောင်တန်းမှာ မြောက်မတောင်သို့သွယ်တန်းလျက်ရှိပါသည်။ ၄င်းတောင်တန်း(၂)ခုကြားတွင်တည်ရှိပြီးထင်ရှားသောမြစ်မှာချင်းတွင်းမြစ်ဖြစ်ပါသည်။


ရေဆင်း

ဖောင်းပြင်မြို့နယ်သည် မြစ်ချောင်းများပေါများသော ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်းများသည် ​မြောက်မှ တောင်သို့ စီးဆင်းလျက်ရှိပါသည်။ထင်ရှားသောမြစ်မှာချင်းတွင်းမြစ်ဖြစ်ပြီးဖောင်းပြင်မြို့အနီးမှ ဖြတ်သန်းစီးဆင်းပါသည်။ချင်းတွင်း မြစ်မှာ နွေရာသီတွင် အနက်(၃)ပေခန့်သာ ရှိပါ သည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

ဖောင်းပြင်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်(၅၁၈)ပေတွင် တည်ရှိပါသည်။ ဖောင်းပြင်မြို့နယ် အတွင်းရှိ အမြင့်ဆုံးတောင်မှာ ''ရွှေပုလ္လင်တောင်'' ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၈၅၂)ပေ ရှိပါ သည်။

ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်

ရာသီဥတု

ဖောင်းပြင်မြို့နယ်သည် ပူအိုက်စိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် ( ၄၈ ံC ) နှင့်   အနိမ့်ဆုံးအပူချိန်မှာ ( ၁၂ ံC ) ဖြစ်ပါ သည်။   နှစ်အလိုက်ဖြစ်ပေါ်ခဲ့သော မိုးရေချိန်နှင့် အပူချိန်မှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-



စဉ်

ခုနှစ်

မိုးရေချိန်

အပူချိန်

မိုးရွာရက်

စုစုပေါင်း မိုးရေချိန် (လက်မ)

နွေရာသီ

(.C)

ဆောင်းရာသီ (.C)

အမြင့်ဆုံး

အနိမ့်ဆုံး

၂၀၁၄

၆၅

၆၀.၉၀

၄၃

၁၂

၂၀၁၅

၉၃

၇၄.၇၉

၄၄

၁၂

၂၀၁၆

၉၉

၇၆.၁၃

၄၄

၁၂

၂၀၁၇

-

-

-

-

 

 

More Information

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon