ဟုမ္မလင်းမြို့နယ်

ဟုမ္မလင်းမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်း

ဒေသမိုင်းအကျဉ်း

ဟုမ္မလင်းမြို့နယ်သည် လွန်ခဲ့သောနှစ်ပေါင်း(၂၅၀၀)ခန့်က ဥရုမြစ်ဖျားအရှေ့ဘက်မိုးညှင်းနယ်များမှ ခန္တီးရှမ်း လူမျိုးနွယ်စုများ (ခန္တီးလုံရှမ်းများ)သည်လည်းကောင်း၊ ကောလင်း၊ ဝန်းသိုနှင့်ကသာဒေသတို့မှ အဟုန်ရှမ်းမျိုးနွယ်စုများ သည်လည်းကောင်း၊ ဥရုမြစ်ဖျားမှ ရေကြည်ရာမြက်နုရာရှာဖွေရင်း ပြောင်းရွှေ့နေထိုင်လာရာမှ မြို့တည်ထောင် အခြေပြုခဲ့ သည်ဟု ဆိုစမှတ်ပြုခဲ့ကြသည်။ ဟုမ္မလင်းဆိုသည်မှာ "ဟုမ်း" သည် "ညောင်ပင်" ဟု အဓိပ္ပါယ်ရပါသည်။ "မလင်း"မှာ "ပိန္နဲ"ဟု အဓိပ္ပါယ်ရပါသည်။ ဟုမ္မလင်းမြို့သည် "ညောင်ပင်၊ ပိန္နဲပင်များပေါက်သည့် ညောင်ပိန္နဲမြို့"ဟု အဓိပ္ပါယ်ရပါသည်။ တဖန်ထမန်လူမျိုး၊ ကဒူးကနန်းလူမျိုးတို့သည်လည်းကောင်း၊ အနောက်ရိုးမတောင်တန်းရှိ နာဂ လူမျိုးတို့သည်လည်း ကောင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းသို့ ပြောင်းရွှေ့နေထိုင်လာကြကြောင်းတွေ့ရှိရပါသည်။ ဟုမ္မလင်းမြို့၌ရုံးထိုင်သည့် ပထမ ဦးဆုံး နယ်ပိုင်ဝန်ထောက်မှာရခိုင်လူမျိုးဦးမြတ်ထွန်းအောင်ဖြစ်ပါသည်။ ဟုမ္မလင်းမြို့နယ်သည် ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၂-၁၂-၁၉၇၂)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊၁၀၃/၁၇/ စိတ်၁ဖြင့် ဖွဲ့စည်းခဲ့ပါသည်။


ပထဝီဝင် အနေအထား

တည်နေရာအကျယ်အဝန်း

ဟုမ္မလင်းမြို့နယ်သည် မြန်မာနိုင်ငံ၏မြောက်ဘက်ပိုင်းတွင် တည်ရှိ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်အတွင်း တည်ရှိပါသည်။ ဟုမ္မလင်းမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၄၁၈' နှင့် ၂၅၃၅' ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄၃၀' နှင့် ၉၆၁၄' ကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ (၄၃၂၆.၄၄၈)စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှအနောက်သို့ (၈၆) မိုင်ရှိပြီး တောင်မှမြောက်သို့ (၈၄)မိုင် ရှည်လျားပါသည်။ မြို့နယ်နှင့်မြို့၏ဧရိယာအကျယ်အဝန်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်

မြို့အမည်

မြို့ဧရိယာ စတုရန်းမိုင်

ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင်

မြို့နယ်ဧရိယာ စတုရန်းမိုင်

ဟုမ္မလင်း

၄.၆၉

၄၃၁၇.၇၉၈

၄၃၂၆.၄၄၈

ရွှေပြည်အေး

၃.၉၆

-

-

မြို့နယ်ချုပ်

၈.၆၅

၄၃၁၇.၇၉၈

၄၃၂၆.၄၄၈

နယ်နမိတ်

မြို့နယ်၏အရှေ့ဘက်တွင်ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ မိုးညှင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက် မြို့နယ်တို့နှင့်နယ်နိမိတ်ထိစပ်လျက်ရှိပြီး တောင်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တို့နှင့် ထိစပ်လျက် ရှိပါသည်။ အနောက်ဘက်တွင် ချင်းပြည်နယ်၊ တမူးမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးမြို့နယ်၊ လေရှီးမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။ ဟုမ္မလင်းမြို့နယ်၏ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံနှင့် ထိစပ်လျက်ရှိပြီး ထိစပ်မိုင်မှာ (၁၅)မိုင်ဖြစ်ပါသည်။

မြေမျက်နှာသွင်ပြင်

ဟုမ္မလင်းမြို့နယ်သည် တောင်ကုန်းတောင်တန်းအနည်းငယ်ရှိပြီး လွင်ပြင်ဒေသဖြစ်ကာ မြို့နယ်ဧရိယာ (၇ဝ%) ကျော်သစ်တောများတည်ရှိပါသည်။ ထင်ရှားမြစ်ချောင်းမှာ ချင်းတွင်းမြစ်၊ ဥရုမြစ်တို့ဖြစ်ပြီး မြစ်လက်တက်/ ချောင်းလက် တက်များပေါများစွာ တည်ရှိစီးဆင်းလျက်ရှိပါသည်။

ရေဆင်း          

ဟုမ္မလင်းမြို့နယ်သည် မြစ်ချောင်းများပေါများသော ဒေသတစ်ခုဖြစ်ပြီး ထင်ရှားသောမြစ်မှာ ချင်းတွင်းမြစ်နှင့် ဥရုမြစ်တို့ဖြစ်ပါသည်။ ချင်းတွင်းမြစ်သည်မြို့အနီးမှဖြတ်၍ မြောက်မှတောင်သို့စီးဆင်းလျက်ရှိပြီး ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပါသည်။ ဥရုမြစ်သည်အရှေ့မြောက်မှ အနောက်တောင်သို့စီးဆင်းလျက် ချင်းတွင်းမြစ်အတွင်းသို့စီးဝင်ပါသည်။ ဒေသအတွင်းရှိရေအရင်းအမြစ်အားလုံးမှာရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေစသည်များအသုံးပြုနိုင်ပါသည်။ ချင်းတွင်းမြစ်မှာနွေရာသီတွင် ရေအနက်(၂.၅၆)ပေခန့်သာရှိ၍ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနပိုင်သင်္ဘောများသွားလာ နိုင်ခြင်းမရှိဘဲ ပုဂ္ဂလိကပိုင်ရေယာဉ်များသာ သွားလာလျက်ရှိပါသည်။ ဥရုမြစ်အတွင်း၌နွေရာသီတွင် ရေအနက်(၁.၇၇)ပေ သာရှိသည့်အတွက်စက်တပ်ရေယာဉ်ငယ်များသာမောင်းနှင်သွားလာလျက်ရှိပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

ဟုမ္မလင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက်ပျမ်းမျှအမြင့်(၄၃ဝ)ပေအထက်တွင်တည်ရှိပြီး အမြင့်ဆုံး တောင်မှာ တောင်သုံးလုံးဖြစ်၍ ပင်လယ်ရေမျက်နှာပြင်အထက်(၅၇ဝဝ)ပေဖြစ်၍ မြို့နယ်၏အနိမ့်ဆုံးဒေသမှာ ကျွန်းကုန်း ရွာနှင့် တောင်ပေါ်ဆည်တော်ရွာတို့ဖြစ်ပါသည်။

ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်

ရာသီဥတု

ဟုမ္မလင်းမြို့နယ်သည်နွေ၊မိုး၊ဆောင်းရာသီဥတုရှိပြီးအမြင့်ဆုံးအပူချိန်(၄၁.၄ºC)နှင့်အမြင့်ဆုံးအပူချိန်(၄.၂ºC) ဖြစ်ပါသည်။နှစ်အလိုက်ဖြစ်ပေါ်ခဲ့သောမိုးရေချိန်နှင့်အပူချိန်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်

ခုနှစ်

မိုးရေချိန်

အပူချိန်

မိုးရွာရက်

စုစုပေါင်း မိုးရေချိန်

နွေရာသီ

( ºc)

ဆောင်းရာသီ

( ºc)

အမြင့်ဆုံး

အနိမ့်ဆုံး

၂၀၁၄

၉၀

၇၆.၉၇

၄၁.၅

၉.၆

၂၀၁၅

၁၁၂

၁၀၉.၂၁

၃၈.၅

၉.၅

၂၀၁၆

၁၀၄

၉၆.၈၁

၃၉.၅

၁၀.၅

၂၀၁၇

-

-

-

-




More Information

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon