လေရှီးမြို့နယ်

လေရှီးမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်း

ဒေသသမိုင်း

လေရှီးမြို့နယ်သည် လွတ်လပ်ရေးမရမီကာလမိမိတို့ရိုးရာသူကြီးများဖြင့် စီရင်အုပ်ချုပ်ခဲ့ပါသည်။ လူမျိုးစုတစ်ခုနှင့် တစ်ခုတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးရာတွင် ဒေသသုံးဘာသာစကားဖြင့်သာ ပြောဆို ဆက်ဆံခဲ့ပါသည်။ လွတ်လပ်ရေးရ၍ နောက်ပိုင်းတွင် လေရှီးမြို့နယ်သည် ဟုမ္မလင်းမြို့နယ်တွင်ပါဝင်ပြီး လက်ထောက် မြို့ပိုင်ရုံးစိုက်ပြီးစီမံအုပ်ချုပ်ခဲ့ပါသည်။ လေရှီးမြို့နယ်အား ၁၉၆၅ခုနှစ်တွင် သီးခြားမြို့နယ်(ဂ)အဆင့်ရရှိပြီး မြို့နယ်ရုံးဖွင့် လှစ်ခဲ့ပါသည်။ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏(၂၇.၇.၁၉၇၂)ရက်စွဲပါစာအမှတ်၊၁၀၃/၁၇/စိတ်(၁)အရလေရှီးမြို့ ပေါ်ရပ်ကွက်(၂)ရပ်ကွက်နှင့်နယ်နိမိတ်ကိုလည်းကောင်း၊ပြည်ထဲရေးနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၁.၁.၁၉၇၃) နေ့စွဲပါစာအမှတ်၊ ၃/၁၁၃/အထ(၂)အရကျေးရွာအုပ်စု(၂၂)အုပ်စု၊ ကျေးရွာပေါင်း(၆၅)ရွာအား ပြုပြင်ဖွဲ့စည်းကာ အမိန့် ကြော်ငြာစာထုတ်ပြန်ဖွဲ့စည်းခဲ့ပါသည်။

ပထဝီဝင် အနေအထား         

တည်နေရာအကျယ်အဝန်း

လေရှီးမြို့နယ်သည် မြန်မာနိုင်ငံ၏ အနောက်​မြောက်ဖျားပိုင်းတွင်ရှိ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် တည်ရှိပါသည်။ လေရှီးမြို့နယ်သည် ‌မြောက်လတ္တီတွဒ် ၂၅ ဒီဂရီနှင့် ၂၅ဒီဂရီ ၄၅မိနစ်ကြား အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ နှင့်၉၄ဒီဂရီ ၅၀မိနစ် အကြားတွင် တည်ရှိပါသည်။ မြို့နယ်၊ မြို့၏ ဧရိယာအကျယ်အဝန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်

မြို့အမည်

မြို့ဧရိယာ     စတုရန်းမိုင်

ကျေးရွာအုပ်စု

ဧရိယာစတုရန်းမိုင်

မြို့နယ်ဧရိယာ

စတုရန်းမိုင်

လေရှီးမြို့

၅၅၈.၂၀၉

   

မိုပိုင်းလွတ်မြို့

၂၉၁

   

ဆွမ္မရာမြို့

၂၀၈

   

မြို့နယ်ချုပ်

၁၀၅၇.၂၀၉

 

၁၀၅၇.၂၀၉

နယ်နိမိတ်

လေရှီးမြို့နယ်၏ အရှေ့ဘက်တွင် ဟုမ္မလင်းမြို့နယ်နှင့် ခန္တီးမြို့နယ်၊ အနောက်ဘက်တွင်အိန္ဒိယနိုင်ငံ၊ တောင်ဘက် တွင် တမူးမြို့နယ်နှင့်မြောက်ဘက်တွင် လဟယ်မြို့နယ်တို့နှင့်ထိစပ်လျက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

လေရှီးမြို့နယ်သည် မြေပြန့်လွင်ပြင် အနည်းငယ်သာရှိပြီး တောင်ကုန်းတောင်တန်းများ၊ တောင်စွယ်များ၊ လျှို မြောင်နှင့် တောင်ကမူများဖြင့် ပြည့်နှက်လျက်ရှိပါသည်။

ရေဆင်း

လေရှီးမြို့နယ်တွင် နန်ဝယ်ချောင်းနှင့် နန်းသလက်ချောင်းသည် အနောက်မှအရှေ့သို့ စီးဆင်းလျက်ရှိပါသည်။

ပင်လယ်ရေမျက်နှာပြင်အမြင့်

လေရှီးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက်(၄၄၄၃)ပေ အထက်တွင်ရှိပါသည်။ မြို့နယ်အတွင်း အမြင့်ဆုံး တောင်မှာ စာရာမေရိတောင်ဖြစ်ပြီး အမြင့်(၁၂၅၅၃)ပေ ရှိပါသည်။

ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်

ရာသီဥတု

           လေရှီးမြို့နယ်တွင် အေးမြစွတ်စိုသော ရာသီဥတုရှိပြီး၊ အမြင့် ဆုံးအပူချိန်(၃၆°c)နှင့် အနိမ့်ဆုံးအပူချိန်မှာ (၈°c)ဖြစ်ပါသည်။ ၂၀၁၇ခုနှစ်၊ မတ်လအထိနှစ်အလိုက်ဖြစ်ပေါ်ခဲ့သော မိုးရေချိန်နှင့် အပူချိန်မှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်-

စဉ်

မြို့နယ်

ခုနှစ်

မိုးရေချိန်

အပူချိန်

မိုးရွာရက်

စုစုပေါင်း

မိုးရေချိန်

နွေရာသီ (°C)

​ဆောင်းရာသီ (°C)

အမြင့်ဆုံး

အနိမ့်ဆုံး

လေရှီး

၂၀၀၈

၆၇

၅၈.၅၈

၃၂°C

° C

၂၀၀၉

၁၁၀

၅၂.၃၂

၃၂° C

° C

၂၀၁၀

၁၀၁

၆၅.၈၅

၃၆° C

° C

၂၀၁၁

၈၅

၅၁.၉၄

၃၆° C

° C

၂၀၁၂

၈၉

၅၅.၀၄

၃၆° C

° C

၂၀၁၃

၇၇

၆၄.၅၇

၃၆° C

° C

၂၀၁၄

၇၃

၆၆.၈၉

၃၆° C

° C

၂၀၁၅

၇၉

၆၅.၆၅

၃၆° C

° C

၂၀၁၆

၇၆

၆၆.၉၀

၃၆° C

° C

၂၀၁၇

၂.၂၉

   



More Imformation

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon