နန်းယွန်းမြို့နယ်

နန်းယွန်းမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်း

ဒေသသမိုင်းအကျဉ်း

ယခင်နန်းယွန်းဒေသ၊ ပန်ဆောင်ဒေသ၊ ဒုံဟီးဒေသနှင့် ရှားမီးဒေသဟူ၍ ဒေသခွဲ(၄)ခုရှိပါသည်။ နန်းယွန်း မြို့နယ်အပါအဝင် နာဂတောင်တန်း တစ်ခုလုံးမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းကြောင့် ခေတ်အဆက်ဆက်တွင် မည်သူမျှအုပ်ချုပ်မှုမခံရဘဲ ကိုယ့်ကျေးရွာအလိုက် ကိုယ့်လူကြီးဖြင့် အုပ်ချုပ်နေထိုင်စေခဲ့ပြီး မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း နန်းယွန်းမြို့နယ်ခွဲနှင့် ပန်ဆောင်မြို့နယ်ခွဲအား ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်အတွင်း ထည့်သွင်း အုပ်ချုပ်ခဲ့ပြီး ဒုံဟီးမြို့နယ်ခွဲနှင့် ရှားမီးမြို့နယ်ခွဲအား တိုင်းနယ်မြေအဖြစ်သတ်မှတ်ကာ စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၌ ထားရှိ ပြီး လက်ထောက်မြို့ပိုင်တစ်ဦး၊ ရုံးအုပ်( ၁ )ဦးတို့ဖြင့် ဖွဲ့စည်းအုပ်ချုပ်စေခဲ့ပါသည်။ ထိုအချိန်တွင် ကချင်ပြည်နယ်၊ ကာမိုင်း မြို့နယ်မှတွဲဘက်အုပ်ချုပ်သော နန်းယွန်းမြို့နယ်ခွဲနှင့် ပန်ဆောင်မြို့နယ်ခွဲအား အုပ်ချုပ်ရန်ခန့်ထားသည့် နာဂအမျိုးသား တောင်အုပ် ဦးဆွမ်ဘောအား ကာမိုင်းမြို့မှ လစာငွေများထုတ်ယူပြီး အပြန်ခရီးတွင် ကချင်အမျိုးသားများမှ ချောင်းမြောင်း သတ်ဖြတ်ခြင်းကိုခံခဲ့ရပါသည်။ ၎င်းနောက် နာဂအကြီးအကဲများမှ နန်းယွန်းနှင့် ပန်ဆောင်မြို့နယ်အား ပြည်မတွင် ထည့်သွင်းပေးရန်တင်ပြသဖြင့် ၁၉၅၅ ခုနှစ်၊ အောက်တိုဘာ (၃၀)ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်အတွင်း ထည့်သွင်း ဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် နန်းယွန်းမြို့နယ်ခွဲနှင့်ဒုံဟီးမြို့နယ်ခွဲအား မြို့နယ်တစ်ခုအဖြစ် ပူးပေါင်းဖွဲ့စည်းလာခဲ့ရာ လီဒို လမ်းမကြီးပေါ်တွင်တည်ရှိသောကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့်အတွက် မြို့နယ်ရုံးစိုက်ရာမြို့အဖြစ် နန်းယွန်းတွင်သတ်မှတ်ကာ ၁၉၆၈တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ တရားဝင်နန်းယွန်းမြို့နယ်အဖြစ် အသိအမှတ်ပြုခဲ့ ပါသည်။

ပထဝီဝင် အနေအထား

တည်နေရာ နှင့်အကျယ်အဝန်း

နန်းယွန်းမြို့နယ်သည် ‌မြောက်လတ္တီတွဒ် ၂၆ ဒီဂရီ ၂၉ မိနစ်နှင့် ၂၇ ဒီဂရီ ၁၁ မိနစ်အကြား အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၂ မိနစ်နှင့် ၉၇ဒီဂရီ ၀၀ မိနစ်အကြားတွင် တည်ရှိပါသည်။ အရှေ့မှအနောက်သို့ ( ၁၅၀ ) မိုင်နှင့် တောင်မှမြောက်သို့ (၃၉ ) မိုင် ရှည်လျားပါသည်။ နန်းယွန်း မြို့နယ်၏ ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်

မြို့နယ်

ဧက

စတုရန်းမိုင်

ပင်လယ်ရေ

မျက်နှာပြင်အထက်

အမြင့်ပေ

နန်းယွန်း

၅၈၉၆၄၇

၉၂၁.၃၂၁

၁၁၀၀

ပန်ဆောင်

၂၅၇၂၆၇

၄၀၁.၉၈

၃၃၅၀

ဒုံဟီး

၇၈၈၇၄၇

၁၂၃၂.၄၂

၃၂၀၀

မြို့နယ်ချုပ်

၁၆၃၅၆၆၁

၂၅၅၅.၇၂၁

 

နယ်နမိတ်

နန်းယွန်းမြို့နယ်၏ အရှေ့ဘက်တွင် တနိုင်းမြို့နယ်၊ တောင်ဘက်တွင် ခန္တီးမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံနှင့် လဟယ်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ် လျက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

နန်းယွန်းမြို့နယ်သည် တောင်ကုန်းတောင်တန်းများ၊ လျှိုမြောင်များပေါများပြီး မြေပြန့်လွင်ပြင်နည်းပါးသည်။ ထင်ရှားသောတောင်များမှာ မုဒ်တောင်နှင့် ရနုတောင်ဖြစ်သည်။ ထင်ရှားသောအင်းများမှာ နောင်ယန်းအင်းနှင့် နောင်ဆိုင် အင်း တို့ဖြစ်သည်။

ရေဆင်း

နန်းယွန်းမြို့အတွင်း တိုင်းယောင်းခေျာင်းနှင့်တိုင်းခမ်းချောင်းတို့ ဖြတ်သန်းစီးဆင်းလျက်ရှိပါသည်။ ၎င်းချောင်း များမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေစသည်ဖြင့် အသုံးပြုနိုင်ပါသည်။ တိုင်းခမ်းချောင်းမှာ မိုးရာသီတွင် စက်လှေများ သွားလာနိုင်သည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

နန်းယွန်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အမြင့်( ၁၁၀၀ )ပေ ဖြစ်ပါသည်။

ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်

ရာသီဥတု

နန်းယွန်းမြို့နယ်တွင် နွေရာသီဟူ၍ သီးခြားမရှိဘဲ ဆောင်းရာသီ နှင့် မိုးရာသီများသာခံစားရရှိပါသည်။ အမြင့်ဆုံး အပူချိန် (၃၇'c)အနိမ့်ဆုံးအပူချိန်မှာ (၁၄.c) ဖြစ်ပါသည်။ နှစ်အလိုက်ဖြစ်ပေါ်ခဲ့သော မိုးရေချိန်နှင့် အပူချိန်မှာ အောက်ဖော် ပြပါအတိုင်းဖြစ်ပါသည်-

စဉ်

ခုနှစ်

မိုးရေချိန်

အပူချိန်

မိုးရွာရက်

စုစုပေါင်း မိုးရေချိန် (လက်မ)

နွေရာသီ

(.C)

ဆောင်းရာသီ (.C)

အမြင့်ဆုံး

အနိမ့်ဆုံး

၂၀၁၁

၁၁၂

၇၈.၃၂

၃၅

၁၆

၂၀၁၂

၁၃၄

၉၈.၈၁

၃၅

၁၄

၂၀၁၃

၁၁၁

၇၃.၉၈

၃၆

၁၈

၂၀၁၄

၁၀၉

၈၁.၇၅

၃၅

၁၆

၂၀၁၅

၁၀၄

၇၁.၀၆

၃၅

၁၆

၂၀၁၆

၁၅၁

၁၁၈.၇၈

၃၅

၁၆

၂၀၁၇

၂၁

၉.၂၈

၃၆

၁၆


More Information

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon