စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြို့ပြစီမံကိန်း (Town Plan)ရေးဆွဲရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ ၊ အောက်တိုဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော မြို့ပြစီမံကိန်း (Town Plan)ရေးဆွဲရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် ခရိုင်(၁၄)ခု၊ မြို့နယ်(၃၇)မြို့နယ်၊ မြို့ပေါင်း(၁၃)မြို့ရှိပြီး အကျယ်ဝန်းဆုံး တိုင်းဒေသကြီး တစ်ခုဖြစ်ပါကြောင်း၊ (Town Plan) ရေးဆွဲပြီးမြို့များအနေဖြင့်လည်း နှစ်စဉ်ဒေသန္တရ စီမံ ကိန်းများ အကောင်အထည်ဖော်ရာတွင် အနီးစပ်ဆုံးထည့်သွင်းရေးဆွဲ အကောင်အထည် ဖော်သွားကြရန်နှင့် ရေးဆွဲရန်ကျန်မြို့နယ်၊ခရိုင်များအနေဖြင့်လည်း မိမိတို့မြို့၏ အခြေခံလို အပ်ချက် ဖွံ့ဖြိုးမှုအလားအလာနှင့် ရေရှည်တည်တံ့ရေး၊ ထိန်းသိမ်းရန်လိုအပ်ချက်များ၊ လယ်ယာနှင့်စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံ လိုအပ်ချက်များအားကြိုတင်လေ့လာဆန်းစစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြအကောင်အထည်ဖော်သွားကြရန်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း သက်ဆိုင်ရာ(Town Planer) များခေါ်ယူပြီး စနစ်တကျရေးဆွဲနိုင်ရေး စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း၊မြို့များဟန်ချက်ညီညီ စနစ်တကျဖွံ့ဖြိုးမှုရှိစေရန်အတွက် (Town Plan)များကို စနစ်တကျးဆွဲပြုစု၍တင်ပြပြီး အတည်ပြုချက်ရရှိပါက (Town Plan)ပါ စီမံကိန်းများအား သက်ဆိုင်ရာဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုရှိ/မရှိ၊ ဆောင်ရွက်ပြီး/မပြီး၊ ဆောင်ရွက်ရာတွင်လည်း (Town Plan)ပါ မူဝါဒစည်းမျဉ်း များနှင့်ကိုက်ညီ ခြင်းရှိ/မရှိအား စစ်ဆေးကြပ်မတ်ရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့များသန့်ရှင်းသာယာလှပရေး လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြို့ပြသာယာလှပရေး၊ မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရေးတို့အား ရှေးရှုလျက်သန့်ရှင်းရေးလုပ်ငန်းများ၊ အမှိုက်သိမ်းစနစ်၊ အမှိုက်စွန့်ပစ်စနစ်များစီမံခန့်ခွဲခြင်း၊ အမှိုက်အမျိုးအစားများခွဲခြားခြင်း၊ အမှိုက်မှပြန်လည်သန့်စင် အသုံးပြုနိုင်မည့်နည်းလမ်းများကို စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ သဘာဝပတ်ဝန်းကျင်၏ ရင်းမြစ်သယံဇာတများ ထိခိုက်ပျက်စီးမှုမရှိစေရန်၊ အမှိုက်သိမ်းဆည်းမှု၊ အမှိုက်စွန့်ပစ်မှု၊ စီမံခန့်ခွဲမှုများသည်အရေးကြီး၍ စည်ပင်သာယာရေး အဖွဲ့များမှ ပြည်သူများ၏လိုအပ်ချက်များအား အကောင်းဆုံးဝန်ဆောင်မှုများပေးကာ လုပ်ငန်း များအရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း မြို့ပြစီမံကိန်း(Town Plan)ရေးဆွဲရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တို့က မိမိတို့ ခရိုင်များအတွင်းရှိ မြို့နယ်များ၏ မြို့ပြစီမံကိန်း(Town Plan) ရေးဆွဲရေးနှင့် မြို့သန့် ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း မြို့ပြစီမံကိန်း(Town Plan)ရေးဆွဲရေးနှင့် မြို့သန့်ရှင်းသာ ယာလှပရေး လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ အကြံပြုဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။