ခမ်းပါတ်မြို့

အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်း ၃၅ ဦး တမူးမြို့မှ ခါမ်းပါတ်မြို့သို့ ရောက်ရှိ

မုံရွာ၊ ဩဂုတ် ၆

တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းစစ်ဆင်ရေးများအား ဆောင်ရွက်ရှိရာ အကြမ်းဖက် သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် ခါမ်းပါတ်မြို့အား (၂၀-၆-၂၀၂၆) ရက်နေ့တွင် အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါသည်။

ဒေသခံပြည်သူလူထုအား လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားရန် ဌာနဆိုင်ရာ ဝန်ထမ်း(၃၅)ဦး၊ ၄င်းတို့၏ မှီခိုသူ(၂)ဦး၊ စုစုပေါင်း (၃၇)ဦးသည် လိုအပ်သည့် ကူညီထောက်ပံ့ရေးပစ္စည်းများနှင့်အတူ ဩဂုတ်(၁)ရက်နေ့ နေ့လည်ပိုင်းတွင် မော်တော် ယာဉ်များဖြင့် ကလေးမြို့မှ ခမ်းပါတ်မြို့သို့ ပထမအကြိမ် ဦးစွာရောက်ရှိခဲ့ပါသည်။

ဒုတိယအကြိမ် အစိုးရ၏ အုပ်ချုပ်မှုယန္တရား လည်ပတ်ဆောင်ရွက်ရန် ဌာနဆိုင်ရာရုံးများ အင်အားဖြည့် ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာသင်ကျောင်းများ၊ ဆေးရုံများဖွင့်လှစ်နိုင်ရန်နှင့် လူထု အကျိုးပြုလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် ထပ်မံအင်အားဖြည့်တင်းသည့် ခါမ်းပါတ်မြို့ ဌာနဆိုင် ရာ ဝန်ထမ်း ၃၅ ဦးသည် ဩဂုတ် ၅ ရက်နေ့ နံနက် ၇ နာရီတွင် တမူးမြို့မှ ခါမ်းပါတ်မြို့သို့ ထွက်ခွာခဲ့ သည်။

အဆိုပါ ခါမ်းပါတ်မြို့သို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်း ၃၅ ဦးအား တမူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုက တွေ့ဆုံအားပေးစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ရိက္ခာ ၄ မျိုး ၁ လစာ၊ ၁ ဦးလျှင် ၅၄,၀၀ဝကျပ်နှုန်းဖြင့် စုစုပေါင်း ၁,၈၉၀,၀၀ဝ ကျပ်၊ တမူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ၏ အစီအစဉ်ဖြင့် ဆန်တစ်တင်းခွဲ ၃ အိတ်၊ ဆီ ၁၀ ပိဿာ ၁ ပုံး၊ ကုလားပဲ ၁ တင်းအိတ် ၁ အိတ်၊ ငါးခြောက် ၃ပိဿာ၊ ကြက်ဥအလုံး ၃၀ပါ ၂ကဒ်၊ မာမားခေါက်ဆွဲခြောက် ၃ ဖာ၊ စုစုပေါင်းတန်ဖိုး ၉၀၁,၅၀ဝ ကျပ်နှင့် အရေးပေါ် သုံးစွဲနိုင်ရန် 500 W ဆိုလာဘက္ထရီမီးသီး ၁ စုံ တို့အား ထောက်ပံ့ပေး အပ်ခဲ့ကြောင်းနှင့် ခါမ်းပါတ်မြို့သို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်း ၃၅ ဦးသည် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ခါမ်းပါတ်မြို့သို့ ရောက်ရှိရာ နယ်မြေခံတပ်နယ်မှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံ9ပြည်သူများက ဝမ်းမြောက်စွာကြိုဆိုခဲ့ကြောင်း သိရသည်။

အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့ အစည်းများမှ ကူညီထောက်ပံ့ရေးပစ္စည်းများနှင့်အတူ ခမ်းပါတ်မြို့သို့ ရောက်ရှိ

မုံရွာ၊ ဩဂုတ် ၁

တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် လူမှုစီးပွား ဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်း သူများ ယာယီထိန်းချုပ် ထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းစစ်ဆင်ရေးများအား ဆောင်ရွက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် ခမ်းပါတ်မြို့ အား (၂၀-၆- ၂၀၂၆) ရက်နေ့တွင် အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါသည်။

ယနေ့တွင် ဒေသခံပြည်သူလူထုအား လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင် ရွက်ပေးသွားရန်နှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရား လည်ပတ်ဆောင်ရွက်ရန် ဌာနဆိုင်ရာရုံး များအင်အား ဖြည့်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာသင်ကျောင်းများ၊ ဆေးရုံများ ဖွင့်လှစ်နိုင် ရေးတို့အတွက် ခမ်းပါတ်မြို့ ဌာနဆိုင်ရာ ဝန်ထမ်း(၃၅)ဦး၊ ၄င်းတို့၏ မှီခိုသူ(၂)ဦး၊ စုစုပေါင်း (၃၇)ဦးသည် လိုအပ်သည့် ကူညီထောက်ပံ့ရေးပစ္စည်းများနှင့်အတူ ဩဂုတ်(၁)ရက်နေ့ နေ့လည်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် ကလေးမြို့မှ ခမ်းပါတ်မြို့သို့ ရောက်ရှိလာကြ ရာ နယ်မြေခံတပ်နယ်မှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ဝမ်းမြောက်စွာကြို ဆိုခဲ့ကြသည်။

ခမ်းပတ်မြို့တစ်ဝိုက်အား အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်း ချုပ်စဉ် ကာလအတွင်း ဒေသခံပြည်သူများအနေဖြင့် အိုးအိမ်တိုက်တာစည်းစိမ်များအား စွန့်ခွာ တိမ်းရှောင်နေကြရပြီး ၄င်းတို့၏ လူမှုရေး၊ စီးပွား ရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် အဖက်ဖက်မှနိမ့်ကျကာ တိုက်ပွဲ၏ အနိဌာရုံများအား ရင်ဆိုင်တွေ့ကြုံခဲ့ရမှုများကြောင့် တပ်မတော်မှအပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ယခင်ကဲ့သို့ ဒေသဖွံ့ဖြိုးရေး ပညာရေး၊ လူမှုရေး၊ လူမှုဘဝဖွံ့ဖြိုးရေးကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် မြို့အုပ်ချုပ်ရေးနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား ကြိုဆိုလက်ခံခဲ့ကြပြီး ယာယီနေရပ်စွန့်ခွာနေထိုင်ခဲ့ရ သည့် ပြည်သူ့အချို့မှာလည်း ၄င်းတို့၏ နေရပ်ဒေသများသို့ ပြန်လည်ဝင်ရောက်လျက်ရှိ ကြောင်း သိရသည်။

ဒေသခံပြည်သူများအနေဖြင့်လည်း တိုက်ပွဲ၏ဆိုးကျိုးများအား ကိုယ်တိုင် ကိုယ်ကျ ကြို့တွေ့ခဲ့ကြရသဖြင့် ငြိမ်းချမ်းမှုကိုသာလိုလာကြောင်း၊ ၄င်းတို့၏ ကျန်းမာရေးစောင့်ရှောက်ခွင့်ရရှိရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးငယ်များ၏ ပညာသင်ခွင့် ကိုလည်း ယခင်ငြိမ်းချမ်းစဉ်ကဲ့သို့ပင် ပုံမှန်ပြန်လည် လည်ပတ်စေရန်မျှော်လင့်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကြောင့် အဖက်ဖက်မှ ပျက်စီးဆုံးရှုံးခဲ့ရသည့် ခမ်းပါတ်မြို့အား ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ချိန်များတွင် တပ်မတော်နှင့်အတူ ဌာန ဆိုင်ရာအဖွဲ့အစည်းများအား အင်အားထပ်မံဖြည့်တင်း၍ ပြည်သူလူထုနှင့် ဝိုင်းဝန်းပူး ပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း သိရသည်။