စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို အောက်တိုဘာလ ၁ ရက်၊ နံနက်ပိုင်းတွင် မုံရွာခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံးဝန်းအတွင်းရှိ မြသလ္လာခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သက်ကြီး အဘိုး၊အဘွားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မြန်မာနိုင်ငံ၏ လူဦးရေးသန်းခေါင်း စာရင်းကောက်ယူမှုအရ သက်ကြီးရွယ်အို အရေ အတွက်သည် ပိုများလာသည်ကို တွေ့ရှိ ရပါကြောင်း၊ သက်ကြီးရွယ်များအတွက် လူမှုရေးနှင့် ကျန်းမာရေးကဏ္ဍများအား တိုးမြှင့် စောင့်ရှောက်နိုင်ရေးသည် လိုအပ်လာပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ဘဏ္ဍာရန်ပုံငွေပေါ်မူတည်၍ အသက်ကြီးပုဂ္ဂိုလ်သတ်မှတ် ထောက်ပံ့ပေးသွားနိုင်ရန် လူမှု ကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူစီမံချက်(၂၀၁၄)တွင် ရေးဆွဲထား ပြီး ဖြစ်ပါကြောင်း၊ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအားလုံး လူမှုရေး ပင်စင်ရ ရှိနိုင်ရေးနှင့် သက်သေခံကတ်ပြားများ ထုတ်ပေးနိုင်ရေးအား လူမှုဝန်ထမ်းဦးစီးဌာနအနေ ဖြင့် ဆောင်ရွက်ပေးနေပြီဖြစ်သည့် အတွက် အကျိုးခံစားခွင့်ရှိသူ အဘိုးအဘွားများအား လုံးမကျန်ရှိစေရေး ဝိုင်းဝန်းကူညီဖော်ထုတ် ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူ များမှ ၂၀၂၆-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်အတွက် နိုင်ငံတော်မှလှူဒါန်းသည့် တိုင်းဒေသကြီးအတွင်းရှိ ဘိုးဘွားရိပ်သာ (၉)ခုအား ထောက်ပံ့ သည့် ဆန်၊ စားစရိတ်၊ ဝတ်စရိတ် ထောက်ပံ့ငွေကျပ် – ၃၆,၆၃၆,၀၀၀ (သုံးရာခြောက် ဆယ်ခြောက်သိန်း သုံးသောင်းခြောက်ထောင်)ကျပ်အား ရိပ်သာတာဝန်ခံ ၂ ဦးထံပေးအပ်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ အခမ်းအနားသို့ တက် ရောက်လာကြသည့် အဘိုး၊အဘွားများအား ဂါရဝလက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး အဘိုး၊အဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ မြို့တော် ခန်းမတွင် ကျင်းပပြုလုပ်သည့် (၆၂)နှစ်မြောက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်း ငလျင်ဘေး၊ ရေဘေး စသည့် သဘာဝဘေးအန္တရာယ်များ ကျ ရောက်ခဲ့မှုအပေါ် မိမိတပ်ဖွဲ့မှ ဆောင်ရွက်ရမည့် ပြည်သူ့ဘဝလုံခြုံရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း မိတ်ဖက်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များနှင့် ဟန်ချက်ညီညီ ပူး ပေါင်းဆောင်ရွက်ခဲ့ကြသည့် အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ တပ်ဖွဲ့ဝင်များ အနေဖြင့် ဒို့တာဝန်အရေးသုံးပါးအား ဦးထိပ်ပန်ဆင်ပြီး ရည်မှန်းချက်တာဝန် (၄)ရပ်နှင့် လုပ် ငန်းတာဝန်(၆)ရပ်တို့အား ဆက်လက်ပြီး အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် လို အပ်ပါကြောင်း၊ နိုင်ငံတော်အတွက် အရေးကြုံပါက နောင်တော်တပ်မတော်နှင့် လက်တွဲပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်များအား စွမ်းစွမ်းတမံထမ်းဆောင်ပြီး ပြည်သူလူထုမှ အား ကိုးရသည့် စည်းကမ်းကောင်းမွန်သော တပ်ဖွဲ့ဖြစ်အောင်ကြိုးစားကာ ကျစ်လစ်ခိုင်မာသည့် ရဲတပ်ဖွဲ့ဖြစ်အောင် တည်ဆောက်သွားကြရန် လိုအပ်ပါကြောင်း၊ စိတ်ဓါတ်နှင့် စည်းကမ်း ကောင်းမွန်၍ စွမ်းရည်ပြည့်ဝထက်မြတ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်ကောင်းများ ဖြစ်လာ ကြစေရန် တပ်ဖွဲ့ဝင်တိုင်း မိမိတို့ပြုကျင့်ရမည့် ကျင့်ဝတ်များအား လေးစားလိုက်နာပြီး ပြည်သူကို အလုပ်ကျွေးပြုသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ သဝဏ်လွှာအား တိုင်းဒေသကြီးရဲတပ် ဖွဲ့မှူး ရဲမှူးကြီး နိုင်လင်းက ဖတ်ကြားသည်။ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တစ်ဆင့်မြှင့်ရာထူးရရှိသူ ၁ ဦး၊ အမှုထမ်းကောင်း ဆုများနှင့် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှု ဆုရရှိခဲ့ကြသည့် တပ်ဖွဲ့ဝင်များအား ဆုတံဆိပ်များအား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (၆၂) နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Click အား ကြည့်ရှုအားပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ပြ သထားသည့် တိုင်းဒေသကြီး/ခရိုင်/မြိုု့နယ် ရဲတပ်ဖွဲ့ဝင်များ၏ ပြည်သူ့လုံခြုံရေးလုပ်ငန်းများဆောင်ရွက်မှုများနှင့် မူခင်းဖော်ထုတ်ဖမ်းဆီးရရှိမှု မှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
