စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များ၌ သီတင်း သုံးတော်မူကြသည့် ဆရာတော်/သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲ မရှိစေရေး အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မုံရွာမြို့ပေါ်ရှိ ကိုယ်ပိုင်ကျောင်းများ၊ လုပ်ငန်းရှင်များမှ စုပေါင်း၍ ဆွမ်းဆန်၊ ဆီများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို အောက်တိုဘာ လ ၃ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ သဒ္ဓမ္မပဇ္ဇောတာရုံ ကျောင်း တိုက်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတင့်လိူင်မြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ ကိုယ်ပိုင်ကျောင်းများ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ် ကြပြီး မုံရွာမြို့၊ သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းတိုက် ဘဒ္ဒန္တဇောတိပါလလင်္ကာရ ဆရာတော် ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက် တည်ကြသည်။
ယင်းနောက် ပင့်သံဃာဆရာတော်များထံ တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ တိုင်းဒေသ ကြီး လွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ကိုယ်ပိုင်ကျောင်းများ၊ လုပ် ငန်းရှင်များက ဆွမ်းဆန်၊ ဆီများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ မုံရွာမြို့၊ သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းတိုက် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကြည်ညို ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံ တိဌတု”သုံးကြိမ် ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချမ်း မြဝတီရပ်ကွက်ရှိ အုတ်ကန်တောရကျောင်းတိုက်ကြီးနှင့် လယ်တီရပ်ကွက်ရှိ မဟာလယ် တီကျောင်းတိုက်ကြီးများသို့ သွားရောက်၍ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက် ပင့်သံဃာဆရာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသ ကြီး လွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် လုပ်ငန်းရှင်များက ဆွမ်းဆန်၊ ဆီများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဆရာတော်ကြီးများထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ် သတ်များက အနုမောဒနာတရားများ နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံ တိဌတု”သုံးကြိမ် ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် ၃ တိုက်သို့ စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့နှင့် ကိုယ်ပိုင်ကျောင်းများ၊ လုပ်ငန်းရှင်များမှ စုပေါင်း၍ လှူဒါန်းငွေကျပ် – ၂၃,၀၉၅,၅၀၀ (နှစ်ရာသုံးဆယ် ကိုးသောင်းငါးထောင်ငါးရာ)ကျပ် တန်ဖိုးရှိ ဆွမ်းဆန်တော် ၂၄ ပြည်အိတ်- ၁၆၆ အိတ်၊ ဆီ ၁၀ ပိဿဝင်- ၃၇ ပုံးတို့အား စုပေါင်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
