စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၁၀ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပညာ သင်ကြားနေကြသည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင် ကြားနိုင်ရေးအတွက် ခြင်များပေါက်ဖွားနိုင်သည့် သစ်ပင်ခြုံနွယ်များ၊ ပလပ်စတစ်အမှိုက် များနှင့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမှုများအား မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး /ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့များနှင့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ မှစုပေါင်း၍ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းဝန်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမနှင့် ကျောင်းဆောင်အဆောက်အဦီ များ ကြံ့ခိုင်မှုအခြေအနေများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်အတွက် ကျောင်းတွင်းအားကစား ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်သွားရေး၊ ကျောင်းဆောင်အဆောက်အဦ များအတွင်းအပြင် အမြဲသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျောင်းသုံးပရိဘောဂပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိစေရေးတို့အား တာဝန်ရှိသူများအား မှာ ကြားခဲ့ကြောင်း သိရသည်။
