မုံရွာ၊ အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထမ်းအမှတ် အခမ်းအနားကို‌ အောက်တိုဘာလ ၁၃ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့‌၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတင့်လိူင်မြင့်၊ တိုင်း ဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မျက်မှောက်ကာလတွင် သဘာဝ ဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားလာခြင်း၊ ပိုမိုအင်အားပြင်းထန်လာခြင်းတို့နှင့်အတူ ထိခိုက် ဆုံးရှုံးမှုများလည်း ပိုမိုကြီးမားလာသည်ကို တွေ့ရှိရပြီး ကမ္ဘာ့နိုင်ငံများအနေဖြင့်လည်း သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ပါးရေးလုပ်ငန်းများအား အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ် အမျိုးမျိုးတို့ ကြောင့် ထိခိုက်ဆုံးရှုူံနိုင်ခြေလျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း “အစကောင်းမှ အနှောင်းသေချာ”ဆိုသည့်အတိုင်း မူလကတည်းက ထိထိရောက်ရောက် ကြိုတင်စီမံဆောင်ရွက်မည်ဆိုပါက သဘာဝဘေးဒဏ်အား ကြံ့ကြံ့ခိုင်နိုင်သည့် လူမှု အသိုက်အဝန်းတစ်ရပ် ဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း၊ ၂၀၂၆-ခုနှစ်မှစ၍ လာမည့်နှစ်များ အတွင်း ရာသီဥတုဖြစ်စဉ်များကြောင့် “စူပါအယ်လ်နီညို”ပြင်းထန်သည့် အပူလိူင်း/အပူ ဒဏ် ကြုံတွေ့လာနိုင်ကြောင်း ပညာရှင်များမှ နှိုးဆော်အသိပေးထားရှိရာ သဘာဝဘေးအန္တယ်လျှော့ချရေး လုပ်ငန်းစဉ်များအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် ကာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ရာသီအချိန်အခါ အလိုက်ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်များအား အသိ၊ သတိ ရှိစွာ ကြိုတင် ပြင်ဆင် ဆောင်ရွက်သွားကြရန်နှင့် ဘေးဒဏ်ကြံ့ကြံ့ခိုင်နိုင်သည့် လူမှုအသိုက်အဝန်း ဖြစ် ပေါ်လာရေး အားလုံးပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူ များမှ ၂၀၂၆-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ ချရေးနေ့ အထမ်းအမှတ်အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ် လွှာရုပ်သံဖိုင် Video Clip နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု မှတ်တမ်း Video အား ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌနှင့် တိုင်းဒေသကြီး တရားသူကြီးချုပ်တို့မှ ၂၀၂၆-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တ ရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသည့် ကျောင်းသူ များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုဆုလက်မှတ်များအား ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ခန်းမအတွင်းခင်း ကျင်းပြသထားရှိသည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ တိုင်းဒေသကြီးအတွင်း သဘာဝဘေး အန္တရာယ်ဖြစ်ပွားခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ အသိပညာပေး မှတ်တမ်းဓာတ်ပုံများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများအား လိုက်လံကြည့်ရှုကာ ဆုရရှိခဲ့ကြသည့် ကျောင်းသူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။