စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့ပေါ်ရှိ ပြည်သူများ သောက်သုံးရေ ဖူလုံပြည့်ဝစွာရရှိရေး၊ အယ်လ်နီညိုဖြစ်ပေါ်လာပါက သောက်သုံးရေပြတ်လပ်မှု မရှိစေရေးတို့အတွက် မြို့သစ် ရပ်ကွက်ရှိ မြေအောက်ရေတင်စက်ရုံသို့ ရောက်ရှိရာ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိ သူများမှ ရေဖြန့်ဝေပေးနေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန်သာယာ ကန်အတွင်း ချင်းတွင်းမြစ်ရေအား ဆိုလာရေတင်စနစ်ဖြင့် ဆောင်ရွက်နေသည့် ရေတင် စက်ရုံ သို့ရောက်ရှိရာ စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများမှ ရေတင်လုက်ငန်းများ ဆောင် ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကန်သာ ယာကန်အတွင်း ရေဆိုးများဝင်ရောက်မှုမရှိစေရေးအတွက် ရေဆိုးစွန့်ပစ်မြောင်းတူးဖော်ဆောင်ရွက်မည့် နေရာသို့ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးမှ ရေဆိုးမြောင်းဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရေဆိုးမြောင်းဆောင်ရွက်မည့် လုပ် ငန်းများအား တာဝန်ရှိသူများမှ စနစ်တကျ စီစစ်ကြပ်မတ် ဆောင်ရွက်သွားရေး၊ တည် ဆောက်ရေးလုပ်ငန်းများ သတ်မှတ်အရည်အသွေးများနှင့်အညီ စံချိန်စံညွှန်းမီစွာဖြင့် ဆောင်ရွက်သွားရေးတို့အား မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရေဆိုးမြောင်း ဆောင်ရွက်မည့် နေရာများနှင့် ကန်ကာယာကန်အတွင်း ချင်းတွင်းမြစ်ရေဖြည့်သွင်းမည့် အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ မြေအောက်ရေတင်စနစ်ဖြင့် သောက်သုံးရေဖြန့်ဝေရေး လုပ် ငန်းသို့ ရောက်ရှိရာ စည်ပင်သာယာ ရေးအဖွဲ့မှ တာဝန်ရှိသူများမှ ရေဖြန့်ဝေပေးနေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်း ပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ပေါ်ရှိ ရပ် ကွက်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ဗိုလ်ချုပ်လမ်းနှင့် ပြည်ထောင်စု လမ်းတစ်လျှောက် ရေနှုတ်မြောင်းများ ဆောင်ရွက်နေမှုလုပ်ငန်းများအား လိုက်လံကြည့်ရှု ခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်း တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေ သကြီး စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုး၊မွေးမြူရေးကဏ္ဍမြှင့်တင်ရေးအတွက် အကောင် အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုး၊မွေးမြူရေးကဏ္ဍမြှင့်တင် ရေးအတွက် အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရန်အတွက် ရေခံမြေခံကောင်းမွန်သည့် တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စိုက်ပျိုး၊မွေးမြူရေး ကဏ္ဍလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်သွားရေး ကော်မတီအဖွဲ့ဝင်အားလုံးမှ ဝိုင်း ဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် စိုက်ပျိုးရေးတောင်သူများ လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ၊ ဓါတ်မြေဩဇာများ၊ မျိုး စေ့ချကိရိယာများ၊ စိုက်နည်းစနစ်များ၊ စက်သုံးဆီများနှင့် မွေးမြူရေးလုပ်ငန်းရှင်အတွက် တိရိစ္ဆာန်အစာများရရှိရေး၊ သန့်ရှင်းလက်ဆက်သည့် အသားနှင့်ဥများ ထွက်ရှိရေး ဌာန များအချင်းချင်း ချိတ်ဆက်ပေါင်းစပ် ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ဓါတ်မြဩဇာများ အလွယ်တကူဝယ်ယူနိုင် ရေး ဂိုဒေါင်တွင်စုပုံထားပါကြောင်းနှင့် လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး စားရေ ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုး၊မွေးမြူရေးကဏ္ဍမြှင့်တင်ရေးအတွက် အကောင်အထည်ဖော် ရေးကော်မတီ တွဲဖက်အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များမှ တိုင်းဒေသကြီး စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုး၊မွေးမြူရေးကဏ္ဍမြှင့်တင်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေး နွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။
