စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၁၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ ၌ ပညာသင်ကြားနေကြသည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ခြင်များပေါက်ဖွားနိုင်သည့် သစ်ပင်ခြုံနွယ်များ၊ ပလပ်စ တစ်အမှိုက်များနှင့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမှုများအား မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့များနှင့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၊ ရပ်ကွက်နေ ပြည်သူများမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံ ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာဘူတာရုံ ပတ်ဝန်းကျင်နှင့် ဘူတာရုံအတွင်း၌ မြန်မာ့မီးရထား ဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ မြို့ တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် မုံရွာမြို့ပေါ်ရှိ မြို့မိမြို့ဖများ၊ စက်မှုလုပ်ငန်းရှင်များ၊ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်း ယခင်က ဖြစ်ပွားခဲ့သည့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေးစသည့် သဘာဝဘေး အန္တရာယ်ဖြစ်စဉ်များတွင် ပါဝင်ကူညီခဲ့ကြသည့် သန္ဓ/အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှု ရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များအား မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ တပ်ဖွဲ့ဝင်/အသင်း အဖွဲ့ဝင်များအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြင့်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အယ်လ်နီညိုဖြစ်စဉ် ကြောင့် အပူချိန်မြင့်တတ်ခြင်း၊ မိုးခေါင်ရေရှားမှုများဖြစ်ပေါ်လာနိုင်ခြင်း၊ ရုတ်တရက်မုန် တိုင်းတိုက်ခတ်ခြင်းများနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများဖြစ်ပေါ်လာနိုင်အတွက် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့များအနေဖြင့်လည်း ဘေးအန္တရာယ်မျိုးစုံအတွက် ကြိုဆင်ပြင်ဆင်မှုများ ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်သူများအတွက် သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် တိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်များရှိ ဆည်တမံများ၊ အင်းအိုင်များ၊ ကန်များအတွင်း ရေများဖြည့်တင်းမှုများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင် များမှ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လက်တွဲညီစွာဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် မုံရွာမြို့ပေါ်ရှိ မြို့မိမြို့ဖများ၊ စက်မှုလုပ်ငန်းရှင်များ၊ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များမှ တာဝန်ရှိသူများက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်း လင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများမှ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် နံနက်စာ အတူတကွ သုံးဆောင်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီး နှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
