မုံရွာ၊ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများ သည် အောက်တိုဘာလ ၂၂ ရက်၊ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီးရှိ နမ့်ပငချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် “နမ့်ပင” အသေးစားရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်-၂ တည် ဆောက်ရေးတာဝန်ခံမှ “နမ့်ပင” အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ် ငန်းများ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချီန်စံ ညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ ဒေသခံပြည်သူများလိုအပ် သည့် လျှပ်စစ်မီးအမြန်ရရှိရန်အတွက် ယခုဆောင်ရွက်သည့်ရေအားလျှပ်စီမံကိန်းအား အမြန်ပြီး စီးအောင် ကြိုပမ်းဆောင်ရွက်ရေး၊ တည်ဆောက်လုပ်ငန်းသုံးပစ္စည်းများ လုပ်ငန်းခွင်သို့ အချိန်မီ ရောက်ရှိရေး၊ ရရှိထားသည့်ဘဏ္ဍာငွေများ အလေအလွင့်မရှိအောင် သုံးစွဲသွားရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် “နမ့်ပင” အသေးစား ရေအားလျှပ်စစ်စီမံကိန်း ရေယူအဆောက်အဦ၊ ရေတားတမံ၊ သဲထုတ်တံခါးနှင့် ရေထုတ်မြောင်း တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ နမ့်ပငအသေးစား ရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် ၇.၅ မိုင်ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးတွင်တည်ရှိ၍ Concrete Gravity Dam တမံအမျိုး အစားဖြစ်ပြီး တပ်ဆင်စက်အင်အားမှာ ၆ မဂ္ဂါဝပ်ဖြစ်ကာ နှစ်စဉ်လျှပ်စစ်ဓာတ်အား – ၃၄.၆၈ သန်းကီလိုဝပ်နာရီ ပျဉ်းမျှထုတ်လုပ်နိုင်မည်ဖြစ်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ ကတ်သာကျေးရွာရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအဆင်ပြေစေရေးအတွက် ချင်းတွင်းမြစ်မှ ဆိုလာစနစ်ဖြင့် မြစ်ရေတင်တည်ဆောက်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လို အပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချူပ်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၂၁ ရက်၊ ညနေပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နားနုန်းကျေးရွာရှိ တောင်သူ ဦးအောင်စိုးလွင် စိုက်ပျိုး ထားရှိသည့် ဆင်းဧကရီ-၃ စပါးခင်းတွင်ကျင်းပပြုလုပ်သည့် စပါးနှံ၏ အပင်ကြီးထွားမှုနှင့် အထွက်နှုန်းအပေါ် ပီလောပီနံရွတ်ဖျန်းမြေဩဇာ နှုန်းထားအမျိုးမျိုး၏ သက်ရောက်မှုစမ်းသပ် ကွက်သို့ ရောက်ရှိကြသည်။
ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများမှ မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေသည့် စိုက်ခင်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဒေသခံတောင်သူများအတူ စပါးစမ်းသပ်ကွက်အား ကြည့်ရှုခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်။