မုံရွာ၊ အောက်တိုဘာ ၂၅

၂၀၂၆-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၅ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ်ရာ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနုဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူများနှင့် အားကစားသမားများ တက် ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ၂၀၂၆-ခုနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မုံရွာခရိုင်အသင်းနှင့် ကောလင်းခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှု များအား ကြည့်ရှုအားပေးရာ မုံရွာခရိုင်အသင်းမှ ကောလင်းခရိုင်အသင်းအား ၄ ဂိုး၊ ၃ ဂိုး ဖြင့် အနိုင်ရရှိသွားသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေး ဝန်ကြီးမှ ပွဲစဉ်တစ်လျှောက် နေရာအလိုက်အကောင်းဆုံးဆုရ အားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးနှင့် တိုင်းဒေသ ကြီး တရားသူကြီးချုပ်တို့မှ ပူးတွဲတတိယဆုရရှိသည့် ကလေးခရိုင်အသင်းနှင့် ကသာ ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေကျပ်- ၃ သိန်းကျပ်စီအား လည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌမှ ဒုတိယဆုရရရှိသည့် ကောလင်းခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေကျပ် – ၅ သိန်းအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပထမဆုရရှိသည့် မုံရွာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေကျပ်- ၇ သိန်းနှင့် တံခွန်စိုက်ဆုဖလားအား ပေးအပ်ချီးမြှင့်ကာ ဆုရအားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ခဲ့ကြသည်။

အဆိုပါ ၂၀၂၆-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင် ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲကို အောက်တိုဘာလ(၂၁)ရက် နေ့မှ(၂၅)ရက်နေ့အထိ ယှဉ်ပြိုင်ကျင်းပခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၄) ခရိုင်မှ ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း(၁၈၂)ဦး ဝင်ရောက်ယှဉ်ခဲ့ကြောင်း သိရသည်။