စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိ သူများသည် အောက်တိုဘာလ ၃၀ ရက်၊ မွန်းလွဲပိုင်းတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)သို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာန မှူးများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပါမောက္ခချုပ်မှ တက္ကသိုလ်၏ စီမံ/အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ၊ ပညာသင်နှစ်အလိုက် သင်ကြားရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုများ အခြေအနေများနှင့် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ဆောင် အဆောက်အဦ၊ ကျောင်းသား၊ကျောင်းသူ အိပ်ဆောင်များ၊ ဝန်ထမ်းနေအိမ်များ အသစ်တည် ဆောက်မည့် လုပ်ငန်းအခြေ အနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက် စီးခဲ့သည့် တက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ စာသင်ဆောင်များ၊ ဝန်ထမ်းနေအိမ်များနှင့် ကျောင်းသား၊ကျောင်းသူအိပ်ဆောင် အဆောက်အဦများ ပြန်လည်တည်ဆောက်ရာတွင် မြေ နေရာစနစ်တကျ အကွက်ချ တိုင်းတာတည်ဆောက်သွားကြရန် လိုအပ်ပါကြောင်း၊ တည် ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းမီ အရည်အသွေး ကောင်းမွန်စွာ တည်ဆောက်သွားကြရန်နှင့် တာဝန်ရှိသူအားလုံးမှ မြေပြင်အထိကွင်းဆင်း ကြီးကြပ် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တာဝန်ရှိသူများအား မှာကြားကာ စီမံ၊အုပ်ချုပ်၊ သင်ကြားရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်း လင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)ကျောင်းဝန်းအတွင်းရှိ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ပင်မ ၃ ထပ် အဆောင်ပြင်ဆင်နေမှု၊ ဘွဲ့နှင်းသဘင်ခန်းမ ပြန်လည်ပြုပြင် ပြီးစီးမှုနှင့် စာကြည့်တိုက်၊ ကွန်ပျူတာ လက်တွေ့အသုံးပြုအခန်းများနှင့် လေ့ကျင့်ရေးကွင်း တို့အား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
