မုံရွာ၊ နိုဝင်ဘာ ၂

e-Govemment နှင့် Digital နည်းပညာအသုံးချမှုစွမ်းရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၄)သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ လ ၂ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ရှိ ခန်းမတွင်ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ် များမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ယနေ့ခေတ်သည် သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ လျင်မြန်စွာတိုးတက် ပြောင်းလဲနေသည့် ဒစ် ဂျစ်တယ်ခေတ် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင် ရွက်ရာတွင် နည်းပညာအသုံးချမှု၊ သတင်းအချက်အလက်များအား ထိရောက်စွာ စီမံခန့်ခွဲ နိုင်မှုနှင့် လူ့စွမ်းအားအရင်းအမြစ်များ၏ အရည်အသွေးတို့သည် အလွန်အရေးကြီးသည့် အချက်များ ဖြစ်ပါကြောင်း၊ e-Government စနစ်သည် နည်းပညာအသုံးပြုခြင်း တစ်ခု တည်းသာ မဟုတ်ဘဲ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ပိုမိုမြန်ဆန်၊ ထိရောက်၊ တိကျ ပြီးအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရန် အထောက်အကူပြုသည့် အရေးကြီးသော စနစ် တစ်ခုဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် နည်းပညာကို အသုံးပြုနိုင်ရုံသာ မက နည်းပညာ၏ အကျိုးကျေးဇူးများအား လုပ်ငန်းခွင်နှင့် ပြည်သူ့ဝန်ဆောင်မှုများတွင် အမှန်တကယ်ဖော်ဆောင်နိုင်သည့် အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာစေရန် ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် သင်တန်းမှရရှိလာသည့် အသိပညာနှင့် ကျွမ်းကျင်မှုများအား မိမိတစ်ဦးတည်း အတွက်သာ မဟုတ်ဘဲ မိမိတို့သက် ဆိုင်ရာဌာနများရှိ လုပ်ဖော်ကိုင် ဖက်များထံ ပြန်လည် မျှဝေပေးခြင်း၊ လက်တွေ့လုပ်ငန်းများတွင် အသုံးချခြင်းနှင့် ဌာန၏ဒစ်ဂျစ်တယ် အသွင် ကူးပြောင်းရေးလုပ်ငန်းများတွင် တက်ကြစွာပါဝင်ဆောင်ရွက်ခြင်းတို့ကိုလည်း အလေး ထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ်က e-Govemment နှင့် Digital နည်းပညာအသုံးချမှုစွမ်းရည် မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက် ၍ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပါမောက္ခချုပ်ထံ သင်တန်းအတွက် ငွေကျပ် – သိန်း ၇၀ အား ပေးအပ်ချီးမြှင့်ပြီး သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ e-Govemment နှင့် Digital နည်းပညာအသုံးချမှုစွမ်းရည် မြှင့်တင်ရေး သင်တန်းကို နိုဝင်ဘာလ ၂ ရက်နေ့မှ ၂၀ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊သင်တန်းသူ ၄၁ ဦး တက်ရောက်သွားမည်ဖြစ်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါတက္ကသိုလ် ရှိ သင်တန်းခန်းမ၌ သင်တန်းသား၊ သင်တန်းသူများအား e-Govemment နှင့် Digital နည်းပညာအသုံးချမှုစွမ်းရည် မြှင့်တင်ရေးသင်တန်း သင်ကြားပို့ချပေးနေမှုများအား ကြည့် ရှုအားပေးခဲ့ကြောင်း သိရသည်။