မုံရွာ၊ နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးပြီးစီးမှု၊ သီးနှံ အလိုက်ရိတ်သိမ်းမှုနှင့် ဆောင်းသီးနှံစိုက်ပျိုးမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ လ ၄ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက် ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီး သည် စိုက်ပျိုး ရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အားထားလုပ်ကိုင်ဆောင်ရွက်နေသည့် တိုင်းဒေသကြီး တစ်ခု ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသည့်သီးနှံများအားလုံး အထွက်နှုန်း ကောင်းရေး၊ မြေပြင်တွင်အမှန်တကယ် စိုက်ပျိုးသည့်သီးနှံများ၏ အထွက်နှုန်းကိန်း ဂဏန်းအချက်အလက်များ မှန်ကန်စေရေးနှင့် အလေ့အလွင့်မရှိအောင် ရိတ်သိမ်းသွားရေး တို့အား ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံတောင်သူများမှ အလေးထား ကာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်း တောင်သူများလိုအပ်သည့် သွင်းအားစုဓါတ်မြေဩဇာများ၊ ပိုး သက်ဆေးများ၊ လယ်ယာသုံးစက်မောင်းဆီများအား တောင်သူများလက်ဝယ် ဈေးနှုန်း သက်သာစွာဖြင့် ရောက်ရှိရေးတို့အတွက် ဂိုဒေါင်တွင်အသင့်စုဆောင်းထားရှိပြီး ဖြစ်ပါ ကြောင်း၊ ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မကြာမီ ဆောင်းသီးနှံများ စိုက်ပျိုးချိန်တွင် လျာထားစိုက်ဧကများ အပြည့်အဝစိုက်ပျိုးသွားရေး၊ မျိုးကောင်းမျိုးသန့် များရရှိရေးနှင့် စိုက်ပျိုးရေရရှိရေးတို့အတွက် မြေပြင်အထိကွင်းဆင်းကာ ဒေသခံတောင် သူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများမှလည်း လိုအပ်သည်များ ဆွေးနွေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးပြီး စီးမှု၊ သီးနှံအလိုက်ရိတ်သိမ်းမှု၊ ဆောင်းသီးနှံစိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ လိုအပ် ချက်များနှင့် ပတ် သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ပြန်/ဆက်။