စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ဆေးကု သမှုခံယူနေကြသည့် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ စိတ်အေး ချမ်းသာစွာဖြင့် ဆေးကုသမှုခံယူနိုင်စေရန်အတွက် ခြင်များပေါက်ဖွားနိုင်သည့် သစ်ပင်ခြုံနွယ် များ၊ ပလပ်စတစ်အမှိုက်များနှင့် ဆေးရုံအဆောက်အဦ၊ လျှပ်စစ်မီးကြိုးများနှင့် မလွတ် ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမှုများအား မုံရွာမြို့ပေါ်ရှိ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီး သတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ဆေးရုံဝန်ထမ်းများမှ စုပေါင်း၍ သန့် ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နှစ်ပေါင်း(၁၀၀)ကျော်သက်တမ်းရှိ မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ၊ မဟာလယ်တီကျောက်စာတိုက်ကြီးအတွင်းရှိ ရှေးဟောင်းကျောက်စာများ ရှေးမူလက်ရာ မပျက်တည်ရှိစေပြီး မပျက်စီးစေရန်နှင့် လာရောက်လေ့လာကြသည့် နိုင်ငံခြားခရီးသွား များ၊ ပြည်တွင်းခရီးသွားများ စိတ်အေးချမ်းသာစွာဖြင့် လေ့လာနိုင်စေရန်အတွက် စည်ပင် သာယာရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ စုပေါင်း၍ သန့် ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ကျောက်စာတိုက် ကြီးအတွင်းရှိ ရှေးဟောင်းကျောက်စာများ ပျက်စီးမှုမရှိစေရေး၊ ကျောက်စာတိုက်ကြီး အတွင်းအပြင်ပတ်ဝန်းကျင်အား အမြဲသန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့အား တာဝန်ရှိသူများ အား မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
