မုံရွာ၊ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီးအဆင့် ဝက်သက်၊ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ် ဆောင်းထိုးနှံခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့် အသိပေးဆွေးနွေးပွဲ အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ မူလတန်းကြို ကျောင်းများမှ ကျောင်းသား၊ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အသက်(၉)လမှ(၅၉)လအတွင်းရှိ ကလေးငယ်များအားလုံးကို ယခင်ကာကွယ်ဆေး ထိုး ဖူးသည်ဖြစ်စေ၊ မထိုးဖူးသည်ဖြစ်စေ သတ်မှတ်လမ်းညွှန်ချက်များနှင့်အညီ ကာကွယ် ဆေးထပ်ဆောင်းထိုးနှံပေးခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားမှုအား ထိရောက်စွာတားဆီး သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် ဝက်သက်-ဂျိုက်သိုး ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်းအား(၂၀၂၆)ခုနှစ်၊ နိုဝင်ဘာလ ဒုတိယ အပတ်တွင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးမီကာလတွင် မိဘပြည်သူများ ထံ ဆေးထိုးစုရပ်နှင့် အချိန်ဇယားများ မှန်ကန်စွာရောက်ရှိရေး၊ အဓိက သတင်းစကားများ အသိပေးနိုင်ရေးနှင့်ဆေးထိုးပြီးနောက် ကျန်ရှိကလေးများအား ပြန်လည်ရှာဖွေ၍ ထိုးနှံ
ပေးနိုင်ရေးအတွက်လည်း တာဝန်ရှိအားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လို အပ်ပါကြောင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရည်မှန်းထားသည့် အသက်(၉)လမှ(၅၉)လအထိ ကလေးငယ်များအားလုံးကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့်ပံ့ပိုးကူညီမှုများ ပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်းနှင့် နှီးနွယ်ဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ခရိုင်၊မြို့နယ်၊ ကျန်းမာရေး ဝန်ထမ်းများအားလုံးမှလည်း အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီး မှူးက ဝက်သက်၊ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်း စတင် ဆောင်ရွက်ခြင်းနှင့် အသိပေးဆွေးနွေးပွဲ အထိမ်းအမှတ်အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများ မှ “ဝက်သက်၊ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးကြစို့” အထိမ်းအမှတ် Video တေးသီ ချင်းအား ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများမှ အသက်(၉)လမှ(၅၉)လအတွင်းရှိ ကလေးငယ်များအား ဝက်သက်၊ဂျိုက်သိုး ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးနေမှုများအား ကြည့်ရှုအားပေးကြပြီး တာဝန် ရှိသူများနှင့်အတူ ကလေးငယ်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်း သိရသည်။