မုံရွာ၊ နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/တိုင်း ဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို နိုဝင်ဘာလ ၁၁ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်း အဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးအတွင်း ပြည်ထောင်စု/တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဌာနဆိုင်ရာ(၅၄)ဌာနမှ တာဝန်ရှိသူများက မိမိတို့ဌာနများအလိုက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေ အနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၆-၂၀၂၇ဘဏ္ဍာရေး နှစ်၊ ပြည် ထောင်စု/တိုင်းဒေသကြီး ရန်ပုံငွေဖြင့်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တိုင်း ဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းမီ အရည် အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ တာဝန်ရှိသူအား လုံးအနေဖြင့်လည်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြေပြင်အထိကွင်း ဆင်းကာ စီစစ်ကြပ်မတ် ဆောင်ရွက်သွားရေး၊ ဌာနဆိုင်ရာများမှလည်း ဘဏ္ဍာနှစ်အလိုက် ရရှိထားသည့်ရန်ပုံငွေများအား ပြည်သူများအမှန်တကယ်အကျိုးရှိစေမည့် ဖွံ့ဖြိုးရေးလုပ် ငန်းများဆောင်ရွက်ရာတွင် အလေအလွင့်မရှိအောင် စနစ်တကျသုံးစွဲသွားရေးနှင့် လုပ်ငန်း များဆောင်ရွက်ရာတွင် အခက်အခဲရှိများပါက မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အချိန် နှင့်တစ်ပြေးညီ တင်ပြသွားရေးနှင့် လိုအပ်သည်များအား ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။