စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ရွှေဘိုခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် နိုဝင် ဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် ရွှေဘိုမြို့၊ မြို့မရပ်ကွက်ရှိ တောင်သူ ဒေါ်ဝါဝင်းလဲ့၏ ပေါ်ဆန်းရင် (ရွှေဘိုပေါ်ဆန်း) ၁၀ ဧက စိုက်ခင်းအတွင်း တစ်ဧကအထွက်နှုန်းတိုး တက် ရေး ဓါတ်မြေဩဇာစနစ်တကျ အသုံးပြုခြင်းကွင်းသရုပ်ပြသပွဲသို့ တက်ရောက်ရာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးက စိုက်ခင်းအတွင်း ပေါ်ဆန်းရင်(ရွှေဘိုပေါ်ဆန်း) စိုက်ပျိုး ထားရှိမှု အခြေအနေများအား ရှင်းလင်းပြသသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံရာ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တောင်သူများလိုအပ်သည့် သွင်း အားစုဓါတ်မြေဩဇာများ၊ လယ်ယာသုံးစက်မောင်းဆီများနှင့် စိုက်ပျိုးရေးနည်းပညာများ အား ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများမှလည်း မိမိတို့စိုက်ပျိုးထားရှိသည့် စပါးများ အထွက်နှုန်းကောင်းမွန်စွာဖြင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးသွားကြရန် လိုအပ် ပါကြောင်းနှင့် ရွှေဘိုပေါ်ဆန်းမျိုး တစ်မျိုးတည်းကိုသာ သီးထပ်စိုက်ပျိုးသွားကြရန် လိုအပ် ပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သရုပ်ပြသပွဲသို့ တက်ရောက်လာသူ များမှ တောင်သူ ဒေါ်ဝါဝင်းလဲ့၏ ပေါ်ဆန်းရင်(ရွှေဘိုပေါ်ဆန်း) ၁၀ ဧက စိုက်ပျိုးထားရှိမှု အား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ ရွှေဘုံ ရတနာမင်္ဂလာနန်းတော်သို့ ရောက်ရှိရာ နန်းတော်တာဝန်ခံမှ နန်းတော်အတွင်းရှိ ရှေး ဟောင်းနန်းဆောင် အဆောက်အဦများ၊ ပြတိုက်နှင့် နန်းတော်ပတ်ဝန်းကျင်အား လိုက်လံ ရှင်းလင်းပြသသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နန်းတော်အတွင်းရှိ ရှေးဟောင်း အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ပြည်တွင်း / ပြည်ပခရီးသွားများ စိတ်အေး ချမ်းသာစွာဖြင့် လာရောက်လေ့လာနိုင်ရေးအတွက် နန်းတော်အဆောက်အဦများနှင့် နန်း တော်ဝန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အရိပ်ရအပင်များ၊ အလှပန်းပင်များ စိုက်ပျိုး သွားကြရန် လိုအပ်ပါကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘုံရတနာ မင်္ဂလာနန်းတော်အတွင်းရှိ အစည်းအဝေးခန်းမသို့ ရောက်ရှိရာ နန်းတော်တာဝန်ခံမှ နန်း တော်၏ စီမံ/အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ ရန်ကြီးအောင်ခန်းမတွင် ကျင်းပပြုလုပ်သည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် ရွှေဘိုမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့်လည်း ရွှေဘိုမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဌာနများနှင့် သက် ဆိုင်သည့် လုပ်ငန်းများအလိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ မြို့နေပြည်သူများအနေဖြင့် မိမိမြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့အတွင်းရှိလမ်း များ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေမြောင်းများရေစီးရေလာကောင်းမွန်စေရေးအတွက် တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများမှ ရွှေဘိုမြို့ ဒေသဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရန်ကြီးအောင် ခန်းမဝန်းအတွင်း ရွှေဘိုခရိုင်အတွင်း MSME လုပ်ငန်းများမှထွက်ရှိသည့် လူသုံးကုန်၊ စား သောက်ကုန်နှင့် အဝတ်အထည်များ ဈေးရောင်းပွဲတော် ခင်းကျင်းရောင်းချနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
