စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ရွှေဘိုခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် နိုဝင် ဘာလ ၁၃ ရက်၊ နံနက်ပိုင်းတွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ဈေးကလေးရပ်ရှိ ဦးချိုတာ မွေးမြူထားရှိသည့် ဒေသနွားနှင့် နို့စားနွား ကောင်ရေ (၁၈၅)ကောင်၊ ဦးအောင်နိုင် မွေးမြူးထားရှိသည့် ဒေသနွားနှင့် နို့စားနွား ကောင်ရေ (၈၅)ကောင်၊ ဦးထွန်းအေး မွေးမြူထားရှိသည့် ဒေသနွားနှင့် နို့စားနွား ကောင်ရေ (၇၆)ကောင် မွေးမြူ ရေးခြံများသို့ ရောက်ရှိရာ မွေးမြူရေးလုပ်ငန်းရှင်များမှ မိမိတို့မွေးမြူထားရှိသည့် ဒေသနွား နှင့်နို့စားနွားများ မွေးမြူထားရှိသည့် အခြေအနေများအား ရှင်းလင်းပြသကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နွားမွေးမြူရေးလုပ်ငန်းရှင်များအနေ ဖြင့် မွေးမြူရေးလုပ်ငန်းများအား တိုးချဲ့မွေးမြူသွားရေးနှင့် မွေးမြူရေးခြံများအား သန့်ရှင်း သပ်ရပ်စွာ ထားရှိသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့်လည်း မွေးမြူရေးလုပ်ငန်းရှင်များ စီးပွားရေးပိုမိုအဆင်ပြေစေရန်နှင့် တိုးချဲ့မွေးမြူနိုင် ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများထုတ်ချေးပေးသွားမည် ဖြစ်ပါ ကြောင်း၊ ရွှေဘိုမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ အသားနှင့်နို့ ဖူလုံ ပြည့်ဝသွား စားသုံးနိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် မွေးမြူရေး လုပ်ငန်းရှင်များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ အချိန် နှင့်တစ်ပြေးညီ တင်ပြဆွေးနွေးသွားကြရန် တာဝန်ရှိသူများအား မှာကြားကာ မွေးမြူရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမတွင် ခရိုင်အဆင့် ဌာနဆိုင်ရာ များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ရွှေဘိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌမှ ရွှေဘိုခရိုင်၏ စိုက် ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်း တင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိ တို့အားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအား ကျေပွန်စွာထမ်းဆောင်သွားကြရန် လို အပ်ပါကြောင်း၊ ပြည်သူများနှင့်ထိတွေ့လုပ်ကိုင်ရသည့် လုပ်ငန်းများအား စေတနာထား ကာလုပ်ကိုင်ဆောင်ရွက်သွားကြရန်နှင့် မိမိတို့တာဝန်ထမ်းဆောင်နေသည့် ကာလအတွင်း ရွှေဘိုမြို့များ ပိုမိုဖွံ့ဖြိုးတိုတက်အောင် ဌာနများအချင်းချင်း ချိတ်ဆက်ပူးပေါင်းဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ရွှေဘိုခရိုင်အတွင်း စိုက်ပျိုးထားရှိသည့် သီးနှံများ ပန်း တိုင်အထွက်နှုန်းရရှိရေးနှင့် မွေးမြူရေးလုပ်ငန်းများအား တိုးချဲ့လုပ်ကိုင်ဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ရွှေဘိုမြို့ခရိုင် အတွင်းရှိ မြို့/ရပ်ကွက်/ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်သည်များ ပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မဟာနန္ဒာ ကန်တော်သို့ ရောက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရွှေဘို မြို့ပေါ်ရှိ ရပ်ကွက်(၁၀)ရပ်ကွက်အား သောက်သုံးရေဖြန့်ဝေပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နေပြည်သူများ နေ့စဉ်သောက်သုံးရေဖူ လုံပြည့်ဝစွာရရှိရေး၊ မဟာနန္ဒကန်အတွင်းနှင့် ရေသိုလှောင်ကန်များအား သန့်ရှင်းသပ်ရပ် မှုရှိစေရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ မဟာနန္ဒကန်ရေ ဝင်ရောက်မှုအခြေအနေနှင့် ရေသိုလှောင်ကန်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ မဟာနန္ဒကန်တော် ရှင်းလင်းဆောင်သို့ရောက်ရှိရာ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)မှ လက်ထောက်ညွှန်ကြားရေးမှူးက မဟာနန္ဒကန် အတွင်း နှစ်စဉ်ရေဝင်ရောက်မှု အခြေအနေနှင့် ရေဖြန့်ဝေပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကန်အတွင်း ကြာပင်များရှင်းလင်းဖယ်ရှားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ရွှေဘိုမြို့နယ်၊ ပဂိုးကုန်းကျေးရွာရှိ ဆိပ်ခွန်ပုဆိုးနှင့်ဆိပ်ခွန်ထမီ အမျိုးမျိုးချုပ်လုပ်နေသည့် “ဝင်းရတနာ”စက်ရက်ကန်းစက်ရုံ၊ မြောင်းကြီးကျေးရွာရှိ ရိုးရာအထည်အမျိုးမျိုး ထုတ် လုပ်နေသည့် “အောင်”လက်ရက်ကန်းလုပ်ငန်းများသို့ သွားရောက်ရာ လုပ်ငန်းရှင်များမှ ချည်ထည်အမျိုးမျိုးထုတ်လုပ်နေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
