စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတင့်လိူင်မြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များ၊ ရွှေဘိုခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူ များသည် နိုဝင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် ရွှေဘိုမြို့၊ ရန်ကြီးအောင်ပန်းခြံသို့ ရောက် ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများမှ ပန်းခြံအတွင်းရှိ ကလေးကစား ကွင်း၊ ရေကူးကန်၊ အပန်းဖြေနေရာများနှင့် ပန်းအလှပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှု များအား လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နေပြည်သူများ အားလပ်ရက်များတွင် လာရောက်အပန်းဖြေနိုင်စေရန်အတွက် ပန်းခြံပတ်ဝန်းကျင်အား သန့်ရှင်းသပ်ရပ်မှုရှိစေ ရေးအတွက် ပလပ်စတစ်အမှိုက်များ၊ သစ်ပင်ခြုံနွယ်များအား ရှင်းလင်းထားရေး၊ ကလေး ကစားကွင်းရှိ ပစ္စည်းများကြံ့ခိုင်မှုရှိစေရးနှင့် အလှပန်းပင်များ စနစ်တကျစိုက်ပျိုးသွားရေး တို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၃ ရက်၊ မွန်းလွဲပိုင်းတွင် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် ရွှေဘိုစက်မှုဇုန်ရှိ “မျိုးမြတ်မွန်”စပါးခွံ လောင်စာတောင့်စက်ရုံ၊ “ရွှေမိုးထွန်း” ဆန်စက်ရုံ ၊ “KT”မွေးမြူးရေး အစာတောင့်စက်ရုံ၊ “မြတ်ရွှေဝါ”အဆင့်မြင့် ဆန်းရွေးစက်စက်ရုံနှင့် “ဥဒေါင်းမင်း” ဆီစက်ရုံများသို့ သွားရောက် ရာ စက်ရုံတာဝန်ထံများမှ မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် ကုန်ချောထုတ်လုပ်နေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
