မုံရွာ၊ နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ရွှေစည်းခုံစေတီတော်မြတ်ကြီး၊ ဆုတောင်းပြည့် စေတီတော်မြတ်ကြီးနှင့် ရာပြည့်ကပ်ကျော်စေတီတော်မြတ်ကြီးတို့အတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်(၃၂)ဆူတို့အား မသိုးရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို နိုဝင် ဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ရွှေစည်းခုံစေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ဦးစွာ ရွှေစည်းခုံကြီးစေတီတော်မြတ်ကြီးတစ်ပတ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများမှ မသိုးရွှေကြာသင်္ကန်းတော်များ ကိုင်ဆောင်၍ လှည့်လည်ပူဇော်ကြပြီး စေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်များအား မသိုးရွှေကြာသင်္ကန်းတော်များ ဆက်ကပ်ပူဇော်ကြသည်။

ဆက်လက်၍ ဒုတိယပိုင်း အခမ်းအနားကို ကျင်းပရာ “နမောတဿ” သုံးကြိမ်ရွတ် ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ ရုံးကြီးရပ်ကွက်ရှိ အရှေ့ လေးထပ်ကျောင်းတိုက် တိုက်အုပ်နာယက၊ ဘဒ္ဒန္တကောဝီဒ ဆရာတော်ကြီးထံမှ တိုင်းဒေ သကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ဆရာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြင့်တော်မူသော မေတ္တာ သုတ်ပရိတ်တရားတော်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များမှ နာယူ ကြည်ညိုကြသည်။
ထို့နောက် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများမှ လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်ရှိ အရှေ့လေးထပ်ကျောင်းတိုက် တိုက်အုပ် နာယက၊ ဘဒ္ဒန္တကောဝီဒ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ် သတ်များမှ အနုမောဒနာတရား နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် ချအမျှပေးဝေကြပြီး “ဗုဒ္ဓ သာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြသည်။

ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အာရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အလားတူ မုံရွာမြို့၊ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးနှင့် ရာပြည့်ကပ်ကျော် စေတီတော်မြတ်ကြီးတို့အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာများမှ မသိုးရွှေကြာသင်္ကန်းတော်များအား ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။