မုံရွာ၊ မေ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ်၊ ပညာသင်ကြားကြမည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းဝန်း နှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေနှုတ်မြောင်းများရေစီးရေလာ ကောင်းမွန်စေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်အတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ဖွားနိုင်သည့်နေရာများအား ရှင်းလင်းခြင်းလုပ်ငန်း များကို မေလ ၁၆ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများမှ သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာနေရာများဖြစ်သည့်မုံရွာမြို့၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ဆူးလေကုန်းရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၊ ထန်းတောရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာအထက် တန်းကျောင်း၊စက်မှုဇုန်ရပ်ကွက်ရှိအခြေခံပညာအထက် တန်းကျောင်း(ခွဲ)နှင့် သလ္လာရပ် ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ သွားရောက်၍ စုပေါင်း သန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မကြာမီ ၂၀၂၆-၂၀၂၇ပညာသင် နှစ်၊ ကျောင်းအပ်နှံမှု စတင်လက်ခံတော့မည်ဖြစ်ပါ၍ ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းဆောင်အဆောက်အဦများ ကြံ့ခိုင်မှုရှိစေရေး၊ ကျောင်းဝန်းအတွင်း သန့်ရှင်းသပ် ရပ်မှုရှိစေရေး၊ ကျောင်းသုံးပရိဘောဂပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိစေရေးနှင့် လိုအပ် ချက်များရှိပါက မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြသွား ကြရန် ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးနှုတ်တ်ဆက်ခဲ့ကြောင်း သိရသည်။

20260518 09

20260518 09

20260518 09