မုံရွာ၊ ဇွန် ၁၃

“နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့”ဆိုသည့် နိုင်ငံတော်၏ မူဝါဒနှင့်အညီ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာလှပရေး၊ ဂေဟစနစ်ကောင်းမွန်မျှတ စေရေး၊ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတ ကောင်းမွန်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် နိုင်ငံတော်မှ ဦးဆောင်၍ ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ၂၀၂၆-ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ကျင်းပပြုလုပ်သည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးတင့်လိူင်မြင့်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများတက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက သစ်ပင်သစ်တောများသည် လူသားများအပါအဝင် ကမ္ဘာပေါ်တွင်ရှိသည့် သက်ရှိသတ္တဝါများအားလုံး၏ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အောက်ဆီဂျင်ကို ထုတ်လုပ်ပေးနိုင်သည့် 

တစ်ခုတည်းသော ဂေဟစနစ်ဖြစ်သည့်အတွက် အသက်ပံ့ပိုးမှုစနစ် (Life Suppor ting System) အဖြစ် သတ်မှတ်ထားပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံအပါ အဝင် ကမ္ဘာ့နိုင်ငံအများစုသည် သစ်တောများပြုန်းတီးလာမှုကြောင့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များအား ခံစားရလျက်ရှိပါကြောင်း၊ သစ်တောများသည် ရာသီ ဥတုပြောင်းလဲမှုလျှော့ချရေးအတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပြီး ပြည်သူများအနေဖြင့် သစ်တောဖုံးလွှမ်းမှု ပြန်လည်တိုးတက် ကောင်းမွန်လာစေရေး၊ မိမိတို့ဒေသ၊ မိမိတို့ပတ်ဝန်းကျင်အား စိမ်းလန်းစိုပြည်သာယာလှ ပစေရေးတို့အတွက် ယခုလိုမိုးရာသီ မြေဆီစိုခိုက်တွင် သစ်ပင်များစိုက်ပျိုးကြရန်နှင့် မိမိတို့ စိုက်ပျိုးထားသည့် သစ်ပင်များရှင်သန်အောင်မြင်စေရေး ပေါင်းရှင်းခြင်း၊ မြေတောင်မြှောက်ခြင်း၊ မြေသြဇာကျွေးခြင်း၊ ကျွဲနွားဖျက်ဆီးမှုမှကာကွယ်ခြင်း၊ နွေရာသီတွင် မီးကာ ကွယ်ခြင်းစသည့် ရာသီအလိုက် ပြုစုထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြား သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် သစ်ပင်စိုက်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများမှ သတ်မှတ်နေရာများတွင် ရတနာတန်းဝင်သစ်ပင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်နှင့် အရိပ်ရသစ်ပင် ကံ့ကော်၊ မဟော် ဂနီ၊ ခရေ၊ မယ်ဇယ်၊ ရေတမာ၊ ပန်းမယ်ဇလီ၊ တပေဘူတ သစ်မျိုး(၁၀)မျိုး စုစုပေါင်းအပင်(၁၅၁၀)ပင်အား စုပေါင်းစိုက်ပျိုးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။     

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ် ကျောင်းဝန်းအတွင်းရှိ ကျောင်းဆောင်အဆောက်အဦများ၊ ကျောင်းသား၊ကျောင်းသူအိပ်ဆောင် အဆောက်အဦများ ကြံ့ခိုင်မှုနှင့် ကျောင်းဝန်းအတွင်း စိမ်းလန်းစိုပြေရေးများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယနေ့တွင် ပထမအကြိမ် ၂၀၂၆-ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းအား စစ်ကိုင်းခရိုင်၊ မြင်းမူမြို့အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ရတနာတန်းဝင်ပင်များနှင့် အရိပ်ရလေကာပင်စုစုပေါင်း(၅၆၀၀) ပင်အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။

20260609 08

20260609 08

20260609 08

20260609 08