မုံရွာ၊ ဇွန် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ အထူးကုဆရာဝန်ကြီးများမှ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးအတွက် ဇွန်လ ၁၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အလုံရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာန၌ ကင်ဆာ၊ စိတ်ကျန်းမာ၊ သားဖွား/မီးယပ်၊ သွားနှင့်ခံတွင်း၊ ခွဲစိတ်/အရိုး၊ နား၊နှာခေါင်း၊လည်ချောင်း၊မျက်စိနှင့်ကလေးကျန်းမာရေးဆိုင်ရာများ အခမဲ့ ကွင်းဆင်းကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းကုသပေးလျက်ရှိရာသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မ တီဥက္ကဌများနှင့် တာဝန်ရှိသူများမှ သွားရောက်၍ ဆေးကုသမှုလာရောက်ခံယူကြသည့် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားများ လိုက်လံပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အလုံကျေးလက် ကျန်းမာရေးဌာန အဆောက်အဦအတွင်းရှိ သတ်မှတ်ဆေးစစ်ဆေးခန်းများအတွင်း မုံရွာ မြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး များမှ ကင်ဆာ၊ စိတ်ကျန်းမာ၊ သားဖွား/မီးယပ်၊ သွားနှင့်ခံတွင်း၊ ခွဲစိတ်/အရိုး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ မျက်စိနှင့်ကလေး ကျန်းမာရေးဆိုင်ရာ ရောဂါစစ်ဆေးပေးနေမှု များအား လိုက်လံကြည့်ရှုခဲ့ကြပြီး အထူးကုဆရာဝန်ကြီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များမှ ဆေးကုသမှုလာရောက်ခံယူလာကြသည့် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ အား နေ့လည်စာ ထမင်းဗူးများ၊ အချိုရည်ဗူးများနှင့် သောက်သုံးရေသန့်ဗူးများအား လိုက် လံဝေငှပေးခဲ့ကြပြီး ကုသရေးလုပ်ငန်းများနှင့် ပတ်သတ်၍ လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




