မုံရွာ၊ ဇွန် ၃၀

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဂျူံသီးနှံစိုက်ပျိုးရေးနှင့် အထွက်နှုန်းကောင်းမွန်စေ ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၃၀ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်း အဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၇ ခုတွင် ဂျူံသီးနှံများစိုက်ပျိုးလျက်ရှိသဖြင့် ယခုနှစ်ဂျူံစိုက်ပျိုးရာသီတွင် စိုက်ဧက အပြည့်အဝစိုက်ပျိုးရန်နှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် မျိုးကောင်းမျိုးသန့်၊ ဓါတ်မြေဩဇာ၊ သဘာဝမြေဩဇာများထည့်သွင်းရန်၊ ထွန်ယက်ရန် စက်သုံးဆီများ အချိန် မီရရှိရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ ဝိုင်း ဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သွင်းအားစုဓါတ်မြေဩဇာများ သတ်မှတ်နှုန်းထားအတိုင်း ထည့်သွင်းရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် ဌာန ဆိုင်ရာများမှ အလေးထားပံ့ပိုးပေးသွားကြရန် လိုအပ်ပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ဂျူံသီးနှံ စိုက်ပျိုးရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် လုပ်ငန်းများစီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ ၏ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။