စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆-ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၃ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတင့်လိူင်မြင့်၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မြန်မာနိုင်ငံတွင် နိုင်ငံလူဦးရေနှင့် ထက်ဝက်ကျော်ရှိသည့် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါပြီး နိုင်ငံတကာနှင့် အာဆီယံဒေသအဆင့်ဆင့်တွင် အမျိူးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သ ဘောတူညီချက်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံ တော်အဆင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ် များတွင်လည်း အမျိုးသမီးကော်မတီကို အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်ထားရှိကာ မြန်မာ နိုင်ငံအတွင်းမှာရှိသည့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန်နှင့် ကဏ္ဍတိုင်း တွင် အမျိုးသမီးများအနေဖြင့် အမျိုး သားများနှင့်တန်းတူ အခွင့်အရေးများရရှိစေရန် အတွက် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများအား တာဝန်ရှိသူအားလုံးမှ ကျယ်ကျယ်ပြန့်ပြန့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြော ကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများ က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်မှ အသိအမှတ်ပြု ဂုဏ်ပြုခံ ရခြင်းခံရသည့် အမျိုးသမီး(၄)ဦးအား ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး အမျိုး သမီးရေးရာအဖွဲ့ နာယကမှ စာရေးဆရာမ ဒေါ်သက်သက်နွယ်နှင့် အလွတ်တန်း စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အလွတ်တန်း ပန်းချီပြိုင်ပွဲ၊ အခြေခံစာစီ စာကုံး၊ အခြေခံပန်းချီပြိုင်ပွဲနှင့် အသိပညာအမေးအဖြေ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများ က သူနာပြုသိပ္ပံ(မုံရွာ)မှ သင်တန်းသူများ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌက ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ခန်းမအတွင်းခင်းကျင်းပြသထားသည့် တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံ များနှင့် ၂၀၂၆-ခုနစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဆုရ စာစီစာကုံး၊ ပန်းချီများ အား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
