မုံရွာ၊ ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခန္တီးခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ခန္တီးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ခန္တီးခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ စိုက်ပျိုး/မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်း ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့် ခန္တီးခရိုင်အတွင်းရှိ ဒေသခံပြည်သူများ စားရေရိက္ခာဖူလုံပြည့်ဝစေရေးအတွက်နှစ်ရှည်သီးနှံများနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ခြင်းအပြင် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးသွားကြရန်နှင့် သီးညှပ်သီးနှံများကိုလည်း စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာ ဝန်များကျေပွန်စွာ ဆောင်ရွက်ခြင်းအပြင် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း စေတနာထားကာ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးတိုးတက်အတွက် တည်ဆောက်ရေးလုပ်ငန်းများ အရည် အသွေးကောင်းမွန်စေရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ပြီးစီးရေးနှင့် ဘဏ္ဍာရန်ပုံ ငွေများ အလေအလွင့် ဆုံးရုံးမှုမရှိစေရေးတို့အတွက် တာဝန်ရှိသူအားလုံးမှ မြေပြင် အထိကွင်းဆင်းကာ ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ခန္တီးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌက ခန္တီးခရိုင်အတွင်း ဒေသတည်ငြိမ်အေးချမ်း၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများက မိမိတို့ဌာနလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ထိခိုက်ပျက်စီးနေသည့် မြသိန်းတန်စေတီတော် ကမ်းပါးပြိုကျပျက်စီးမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ် ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကမ်းပါးပြိုကျမှုအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ အောင်သာ ကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေဖြင့် အောင် မြင်ဖြစ်ထွန်းလျက်ရှိသည့် ဦးငြိမ်းအောင်သူ မွေးမြူထားရှိသည့် ကြက်မဲနှင့် ဒေသကြက် မွေးမြူးရေးခြံသို့ ရောက်ရှိရာ မွေး မြူရေးနှင့်ကုသရေးဦးစီးဌာ မြို့နယ်ဦးစီးမှူးနှင့် ခြံတာဝန်ခံတို့မှ ကြက်မဲနှင့် ဒေသကြက် မွေးမြူ ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်း လင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ကြက်မဲနှင့်ဒေသကြက်များ မွေးမြူထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ ၁ မဂ္ဂါဝပ် ဆိုလာမီးပေးစက်ရုံစက်သို့ ရောက်ရှိရာ တာဝန်ရှိသူများကခန္တီးမြို့နေပြည်သူများအား ဆိုလာ စနစ်ဖြင့် လျှပ်စစ်မီးခွဲဝေပေးနေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။