မုံရွာ၊ ဇူလိုင် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၁၉ ရက်၊ နံနက်ပိုင်းတွင် ခန္တီး-ဆင်သေ-လဟယ်ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၅၃-၅၄ ကီလိုမီတာအတွင်းရှိ ထိန်ညိုတောင်ရှုခင်းသာနှင့် ရိုးရာအဆောက်အဦ တည်ဆောက်မည့်နေရာသို့ ရောက်ရှိရာ လမ်းအထူး(၁၉)မှ တာဝန်ခံအင်ဂျင်နီယာမှ တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထိန်ညိုတောင်ရှုခင်းသာနှင့် ရိုးရာအဆောက် အဦ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်း လင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ခန္တီး- ဆင်သေ-လဟယ်ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၇၃-၇၄ ကီလိုမီတာကြားရှိကားလမ်းဘေး ယာယီမြေ ထိန်းနံရံ(မြေကာတုပ်)နိမ့်ဆင်းသွားမှု အခြေ အနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့နယ်အတွင်းရှိ“ဟွေထိုက်” ချောင်း ပေါ်တွင် ရေထိန်းတမံ တစ်ခုတည်ဆောက်၍ ရေသိုလှောင်ပြီးရရှိလာမည့် ရေအားအမြင့်ကိုအသုံးပြုလျက် ၄ မဂ္ဂါဝပ် တပ်ဆင်စက်အင်အားရှိ နှစ်စဉ်လျှစ်စစ်ဓာတ်အား ၂၀.၃၈၁ ကီလိုဝပ် နာရီသန်း ပေါင်းထုတ်လုပ်နိုင်မည့် “ဟွေထိုက်” အသေးစားရေအားလျှပ်စစ် စီမံကိန်းရှင်းလင်းဆောင်သို့ရောက်ရှိရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ် (၂) တည်ဆောက်ရေးစီမံကိန်းတာဝန်ခံမှ ဘဏ္ဍာနှစ်အလိုက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ် ငန်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချိန် စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ တည်ဆောက်ပြီးစီးရေး၊ တည် ဆောက်ရေးပစ္စည်း များလုပ်ငန်းခွင်သို့ အချီန်မီရောက်ရှိရေးနှင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ရေး လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်သွားရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ် ငန်းများဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ တောင်သူ ဦးဘယောင်ကိုင်းကီ စိုက်ပျိုးထားရှိသည့် တောင်ယာမိုးစပါးများ စိုက်ပျိုးထား ရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ ကြေးတိုင်ပြင်ကွင်းအတွင်း ဒေသမြို့နယ်အဆင့် ဌာနဆိုင်ရာရုံး အဆောက်အဦများနှင့် ရိုးရာကွင်းဆောင်ရွက်မည့် မြေနေရာရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက မြေနေရာရှင်းလင်းဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ မြို့တော်ခန်းမ တည်ဆောက်မည့်မြေနေရာများသို့ ရောက်ရှိရာ စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများမှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင် ရွက်သွားမည့် အခြေအနေများ အား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ မိုးဒါန်းရေကန်သို့ ရောက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူမှ ရေကန် အဆင့်မြှင့်တင်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့် လဟယ်ဒေသရှိ တိုင်းရင်း သားပြည်သူများ သောက်သုံးရေဖူလုံပြည့်ဝစေရေးအတွက် ဗြန်းရှောင်ချောင်းစိမ့်စမ်းရေထွက်မှ ရေပိုက်လိုင်းတိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြ သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး မိုးဒါန်းရေကန် ရေဝင်ရောက်မှုအခြေအနေအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့ နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပျိုးထောင်စိုက်ပျိုးထားရှိသည့် ရွေ့ပြောင်းတောင်ယာစနစ် လျော့ချရေး နှစ်ရှည်သီးနှံ ကော်ဖီ၊ လက်ဘက်ပျိုးပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှုများ အား လိုက်လံကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံ တိုင်းရင်းသားတောင်သူများထံ နှစ်ရှည်သီးနှံ ကော်ဖီ၊လက်ဘက်ပျိုးပင်များနှင့် မျိုးစေ့များ အား ပေးအပ်ခဲ့ကြောင်း သိရသည်။