မုံရွာ၊ ဇူလိုင် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၀ ရက်၊ နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းသို့ ရောက်ရှိရာ ဆရာတော်ထံ လှူဖွယ် ဝတ္ထုပစ္စည်းများ၊ ဆွမ်းဆန်/ဆီ/ဆား/ပဲများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့နယ်၊ နာဂစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ကျင်းပပြုလုပ်သည့် ဒေသခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများနှင့်အညီ နာဂဒေသအား ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများအား တာဝန်ရှိသူများနှင့်ပေါင်းစပ်၍ အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နာဂဒေသရှိ တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသခံတိုင်းရင်းသားများအနေ ဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နာဂဒေသသည် ရေခံမြေခံကောင်းသည့် ဒေသတစ်ခုဖြစ်တာနှင့်အညီ ဒေသခံတောင်သူများအနေဖြင့် ကုန်းမြင့်လယ်ယာစနစ်ဖြင့် ဒေသဝမ်းစာ ဖူလုံစေရေးအတွက် စပါးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ ဒေသနှင့်ကိုက်ညီမည့် နှစ်ရှည်သီးနှံ ကော်ဖီ၊ လက်ဘက်၊ ထောပတ်ပင်များ စိုက်ပျိုးရေးကိုလည်း ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း ဒေသခံတိုင်း ရင်းသားများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်အတွက် အသေးစားအလတ်စားစက်မှုလက်မှုသင်တန်းများ၊ စိုက်ပျိုးနည်းပညာပေးသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြား သည်။

ဆက်လက်၍ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက လဟယ်မြို့ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့် စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးရမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြ သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လဟယ်မြို့နယ်အတွင်းရှိ MSME လုပ်ငန်းဒေသထွက်ကုန်များ ခင်းကျင်းပြသထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်
လဟယ်မြို့၊ အခြေ ခံပညာနှင့်စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်း ကျောင်းသို့ရောက်ရှိရာ တာဝန်ရှိသူများမှ စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းဝန်းအတွင်းရှိ မြေနေရာအား လိုက်လံရှင်းလင်းပြ သရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်း သာစွာဖြင့် ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့ တိုးချဲ့-၂ ရပ် ကွက်ရှိ အခြေခံပညာမူတန်းကျောင်းနှင့် မြို့မရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း များသို့ သွားရောက်၍ စာသင်ဆောင်အဆောက်အဦ ကြံ့ခိုင်မှုအခြေအနေများနှင့် သင်ကြားရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ရောက်ရှိရာ လဟယ်မြို့နယ် အတွင်းရှိ ဒေသခံတိုင်းရင်းသူများ မိသားစုဝင်ငွေရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြားပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ အိမ်တွင်းမှုသက် မွေးပညာသင်တန်းကျောင်းရှိ သင်တန်းသူများကိုယ်တိုင် ချုပ်လုပ်ထားသည့် အဝတ်အထည်များ၊ လက်မှုပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ အစိုးရ နည်းပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာ ကျောင်း အုပ်ကြီးက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ သင်ကြားရေးလုပ်ငန်းများ ဆောင် ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များ အပေါ်လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ကျောင်း သား၊ကျောင်းသူများ ပညာသင်ကြားနေများနှင့် လက်တွေ့သင်ကြားရေး စာသင်ဆောင်များအတွင်း လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ တောင်သူ ဦးဆန်းဦး၏ နှစ်ရှည်သီးနှံ ကော်ဖီ၊ ထောပတ်၊ ဝဥ စိုက်ပျိုး ရေးခြံသို့ရောက်ရှိရာ တောင်သူ ဦးဆန်းဦးမှ နှစ်ရှည်သီးနှံများ စိုက်ပျိုးထားရှိမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှစ်ရှည်သီးနှံများ တိုးချဲ့စိုက်ပျိုးသွားရေးနှင့် လိုအပ်သည့်မျိုးများ ပံ့ပိုးကူညီဆောင်ရွက်သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ နာဂဒေသဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် လဟယ်ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက် ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသအတွင်း အကောင်အထည်ဖော် ဆောင် ရွက်နေသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဘဏ္ဍာနှစ်အလိုက် ခွဲဝေချထားပေးခဲ့သည့် ဘဏ္ဍာရန်ပုံငွေများအား ဒေသခံတိုင်းရင်းသားများအတွက် အမှန်တကယ်အကျိုးရှိမည့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် စနစ်တကျသုံးစွဲသွားကြရန်နှင့် ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေ ရေးအတွက် နာဂဒေသဦးစီးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများက အလေးထားကြပ်မတ် ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ၊ အတွင်း ရေးမှူးနှင့် ဒေသအဆင့် ဌာနဆိုင်ရာများ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များ၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြ သည်။