မုံရွာ၊ ဇူလိုင် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ် လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့ အားကွင်းစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီ ကောလိပ်များမှ ဆရာ/ဆရာများနှင့် ကျောင်းသား/ကျောင်းသူများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင် အသင်းဝင်အုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အခမ်း အနားသို့ တက်ရောက်လာသူများမှ အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ် လုပွဲစဉ်အဖြစ် ရေဦးမြို့နယ် အမျိုးသားအသင်းနှင့် မုံရွာမြို့နယ် အမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြရာ ရေဦ်းမြို့နယ်အသင်းမှ မုံရွာမြို့နယ် အသင်းအား (၂)ပွဲ၊ (၁)ပွဲဖြင့် အနိုင်ရရှိသွားသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် များက အမျိုးသား၊အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးဆု ရရှိသည့် အားကစားသမားများအား ဆုတံဆိပ်နှင့်ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက (၃) ယောက်တွဲ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယရရှိသည့် မြောင်မြို့နယ်အသင်း၊ ဒုတိယဆုရရှိသည့် မုံရွာမြို့နယ်အသင်း၊ ပထမဆုရရှိသည့် ကျွန်းလှမြို့နယ်အသင်းများ အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်ဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက (၃)ယောက်တွဲ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယရရှိသည့် မြောင်မြို့နယ်အသင်း၊ ဒုတိယဆုရရှိသည့် ကလေးမြို့နယ် အသင်း၊ ပထမဆုရရှိသည့် ရေဦးမြို့နယ်အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု များအားလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၄)ယောက်တွဲ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယရရှိသည့် ကလေးမြို့နယ်အမျိုးသားအသင်းအား တစ်ဦးချင်းဆုတံ ဆိပ်နှင့် ငွေသားဆုငွေကျပ် – ၃ သိန်းအား လည်း ကောင်း၊ ဒုတိယဆုရရှိသည့် မုံရွာမြို့နယ် အမျိုးသားအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် – ၅ သိန်းအား လည်း ကောင်း၊ ပထမဆုရရှိသည့် ရေဦးမြို့နယ် အမျိုးသားအသင်းများအား တစ်ဦးချင်းဆုတံ ဆိပ်၊ ငွေသားဆုငွေကျပ် – ၇ သိန်းနှင့် တံခွန်စိုက်ဆုအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။
