မုံရွာ၊ ဩဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ ၂ ရက်၊ မွန်းလွဲပိုင်းတွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံသို့ ရောက်ရှိရာ သဖန်းဆိပ်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု အခြေအနေများ၊ ရေထိန်းတမံများ၊ ရေပိုလွဲများ ကြံ့ခိုင်မှုအခြေအနေများနှင့် သဖန်းဆိပ်ရေလှောင်တမံမှ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ တန့်ဆည်ခရိုင်၊ စစ်ကိုင်းခရိုင်များရှိ မြို့နယ် များတွင် စိုက်ပျိုးလျက်ရှိသည့် နွေ/မိုး/ဆောင်းသီးနှံစိုက်ခင်းများသို့ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သဖန်းဆိပ်ရေလှောင်တမံ ကြံ့ခိုင်မှုအခြေ အနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စိုက်ပျိုးရေးတောင်သူ များအတွက် စိုက်ပျိုးရေအပြည့်အဝရရှိရေးနှင့် စနစ်တကျ အကျိုးရှိစွာ သုံးစွဲသွားရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွန်းလှ-သဖန်းဆိပ် ကားလမ်းဘေးဝဲ/ယာရှိ ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် မြေပဲ၊ ပြောင်း၊ ပဲစင်းငုံနှင့် မိုး စပါးများ စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုခဲ့ကြပြီး စိုက်ပျိုးရေရရှိရေးနှင့် သီးထပ်စိုက်ပျိုးသွား ရေး၊ စိုက်ဧကများပြည့်မီစွာ စိုက်ပျိုးသွားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး တာဝန် ရှိသူများအား မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွန်းလှမြို့၊ တပ်ကုန်းကျေးရွာရှိ တောင်သူ ဦးမင်းပိုင်၏ ဧရာမင်း ၂ ဧကအတွင်း ဓါတ်မြေဩဇာနှင့်သဘာဝ မြေဩဇာတွဲဖက် အသုံးပြုခြင်းနှင့် သမန်းနိုးခြင်း ကွင်းသရုပ်ပြသပွဲသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများမှ ဓါတ်မြေ ဩဇာနှင့်သဘာဝ မြေဩဇာတွဲဖက် အသုံးပြုခြင်းနှင့် သမန်းနိုးခြင်း ကွင်းသရုပ်ပြသမှုများအား ကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွန်းလှမြို့နယ် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် မြို့နယ်အဆင့် ဌာနဆိုင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ကျွန်းလှမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုး မိုးရေးလုပ်ငန်းများနှင့် ဒေသခံပြည်သူများ လူနေမှုဘဝများမြင့်မားတိုးတက်စေရန်အတွက် ပညာ ရေး၊ ကျန်းမာရေး၊ စိုက်ပျိုး/မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက် အောင် ဌာနဆိုင်ရာများ၊မြို့မိမြို့ဖများနှင့် ဝိုင်းဝန်းပူးပေါင်း ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့် ကျွန်းလှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားရေ ရိက္ခာဖူလုံပြည့်ဝစေရေးအတွက် အသား/ဥ မွေးမြူရေးလုပ်ငန်းများအား ခြံလှောင်စနစ် ဖြင့်စနစ်တကျ မွေးမြူသွားကြရန်နှင့် ဒေသခံတောင်သူများအနေဖြင့်လည်း သီးထပ်သီးနှံများ စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဒေသခံ တောင်သူများလိုအပ်သည့် သွင်းအားဓါတ်မြေဩဇာ၊ မျိုးကောင်းမျိုးသန့်များနှင့် လယ်ယာသုံး စက်မောင်းဆီများအား ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများလက်ဝယ် အမှန်တကယ် အကျိုးရှိစွာ ရောက်ရှိစေရေးတို့အား တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။

ယင်းနောက် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက ကျွန်းလှမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြ ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ကျွန်းလှ မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေး နေမှု အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျွန်းလှမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီ ဥက္ကဌနှင့် မြို့နယ်ဆေးရုံအုပ်ကြီးတို့ထံ ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေး နွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။