စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ ၄ ရက်၊ နံနက်ပိုင်းတွင် ကန့်ဘလူမြို့၊ မဟာရွှေစည်ကြီး ပရိယတ္တိစာတိုက်ကြီးသို့ ရောက်ရှိရာ ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်း များနှင့် ဆွမ်းဆန်တော်၊ ဆီများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသ နာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူ-မြေထူး ကားလမ်းဘေးဝဲ/ယာရှိ ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် မိုးသီးနှံ မြေပဲ၊ ပဲစဉ်းငုံ၊ နေကြာနှင့် မိုးစပါးများ စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးထားရှိသည့် သီးနှံ များ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးရေရရှိရေး၊ သီးထပ်စိုက်ပျိုးရေးနှင့် ဓါတ်မြေဩဇာများ စနစ်တကျ ထည့်သွင်းစိုက်ပျိုးသွားရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ကင်းတပ် လက်ဝဲ တူးမြောင်း လက်တံအမှတ်(၃)၊ အမှတ်(၄)၊အမှတ်(၅)မြောင်းတို့မှ စိုက်ပျိုးရေဖြန့်ဝေမှုများဖြင့် မြောင်းဘောင်တစ်လျှောက် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးထားရှိသည့် မိုး စပါးစိုက်ခင်းများ၊ ငဲစဉ်းငုံစိုက်ခင်းများနှင့် မြေပဲစိုက်ခင်းများ စိုက်ပျိုးထားရှိမှုများအား လိုက်လံ ကြည့်ရှုခဲ့ကြပြီး ဒေသခံတောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ပျိုး သည့်သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကင်းတပ်လက်ဝဲတူးမြောင်းမှ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်ကျေးရွာအုပ်စု၊ သာယာတဲစုကျေးရွာရှိ ကန်ဧရိယာ (၃၆.၈၈)အတွင်း မွေးမြူရေးလုပ် ငန်းရှင် ဦးသန်းလိူင် မွေးမြူထားရှိသည့် ငါးတန်၊ ငါးမုတ်၊ ငါးမြစ်ချင်း စုစုပေါင်းကောင်ရေ – ၇၅၀၀၀ ကောင်မွေးမြူရေးကန်သို့ ရောက်ရှိရာ မွေးမြူရေးလုပ်ငန်းရှင်မှ ကန်များအတွင်း ငါးမွေး မြူထားရှိမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချူပ်က ဒေသ ခံပြည်သူများ ငါးစားသုံးမှုဖူလုံပြည့်ဝစေရေး၊ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချသွားရေးနှင့် ငါး များတိုးချဲ့မွေးမြူသွားရေးတို့အား တာဝန်ရှိသူများများအား မှာကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူ-တောက္က ရှပ်ကျေးရွာ ကားလမ်းဘေးဝဲ/ယာရှိ ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် မိုးသီးနှံ မြေပဲ၊ ပဲစဉ်းငုံ၊ နေကြာနှင့် မိုးစပါးများ စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်ကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးရွှေ၏ ဥစားကြက်မွေးမြူရေးခြံသို့ ရောက်ရှိရာ မွေးမြူရေးလုပ်ငန်းရှင်မှ ဥစားကြက်များမွေးမြူထားရှိမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ကန့်ဘလူခရိုင်၊ စုပေါင်းရုံးအစည်းအဝးခန်းမတွင် ကျင်းပပြုလုပ်သည့် ကန့်ဘလူခရိုင်၊ ကန့်ဘလူ မြို့နယ်၊ ကျန်းလှမြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ ကန့်ဘလူခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် ခရိုင်အဆင့် ဌာန ဆိုင်ရာများမှ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ပညာ ရေး၊ ကျန်းမာရေး၊ စိုက်ပျိုး ရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကန့်ဘလူခရိုင်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်သွားသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာဌာနများအနေ ဖြင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းမီ အရည်အသွေးပြည့်မီစွာဖြင့် တည်ဆောက်ပြီး စီးရေး၊ ရရှိထားသည့် ဘဏ္ဍာရန်ပုံငွေများ ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိမည့် နေရာများတွင် စနစ်တကျသုံးစွဲသွားရေးနှင့် တာဝန်ရှိသူများမှ တည်ဆောက်လုပ်ငန်းများအား မြေပြင်အထိကွင်းဆင်းကြီးကြပ် စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကန့်ဘလူခရိုင် အတွင်းရှိ ဒေသခံပြည်သူများ စားရေရိက္ခာဖူလုံပြည့်ဝစေရေးအတွက် လုပ်ကိုင်ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့စိုက်ပျိုး၊မွေးမြူလုပ်ကိုင်လာစေရန် စိုက်ပျိုးရေးတောင်သူများနှင့် မွေးမြူ ရေးလုပ်ငန်းများအား ဌာနဆိုင်ရာများမှ အသိပညာများပေး ကာ စည်းရုံးဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေ ဖြင့်လည်း ဌာနဆိုင်ရာများနှင့်ချိတ်ဆက်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား လိုအပ် သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြ သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများအား ရင်းရင်းနှီးနှီးနှုတ် ဆက်ခဲ့ကြောင်း သိရသည်။
