စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ ၁၂ ရက်၊ နံနက်ပိုင်းတွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကမ်းနားရှိ အနိမ့်ပိုင်းရပ်ကွက်များရေဝင်ရောက်ခဲ့သည့် စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက်၊ သစ်ကနက် ဘုရားဝန်းအတွင်းရှိ ယာယီရေဘေးရှောင်စခန်းသို့ ရောက်ရှိကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုများကြောင့် ဧရာဝတီမြစ်/ချင်းတွင်းမြစ်နှင့် မူးမြစ်များတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ ကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍ ရေဝင်ရောက်ခဲ့သည့် ဒေသခံပြည်သူများအတွက် စားသောက်ရေး၊ နေထိုင် ရေးများအဆင်ပြေစေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ရေဝင်ရောက်နေသည့် ကာလအတွင်း မိမိတို့မိသားစု ကျန်းမာရေးအတွက် အထူးဂရုပြုနေထိုင်သွားကြရန်နှင့် လိုအပ်မှုများရှိပါက သတ်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူ များထံ အချိန်နှင့် တစ်ပြေး ညီတင်ပြသွားကြရန် လိုအပ်ပါကြောင်း၊ ရေများပြန်လည်ကျဆင်းသည့်အခါ မိမိရပ်ကွက်/ကျေး ရွာများရှိ စာသင် ကျောင်းများ၊ လမ်းများ၊ နေအိမ်များအတွင်း သန့်ရှင်းရေးလုပ်ငန်းများအား တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထုံးဘိုရပ် ကွက်ရှိ ယာယီရေဘေးရှောင်ပြည်သူများအား ဆန်/ဆီများနှင့် စားသောက်ဖွယ်များအား ပေးအပ်ခဲ့ကြပြီး ဒေသ ခံပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ဧရာဝတီ မြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် ထုံးဘိုရပ်ကွက်ရှိ လူနေ အိမ်များအတွင်း ရေဝင်ရောက်မှု အခြေအနေများအား လိုက်လံကြည့်ရှုူခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်ရှိ လေးကျွန်းမာရ်အောင်ဘုရားဝန်းအတွင်းရှိ ဖွင့်လှစ်ထားရှိသည့် ယာယီရေ ဘေးရှောင်စခန်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံပြည်သူများအား အားပေး စကားများပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ရပ်ကွက်နေပြည်သူများအား ဆန်၊ဆီများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ ဒေသခံပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သောတ ပန်ရပ်ကွက် အတွင်းရှိ လူနေအိမ်များအတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုအခြေအနေများအား လိုက်လံ ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပန်းပဲ တန်းရပ်ကွက်ရှိ နဂါးရုံဘုရားဝန်းအတွင်း ဖွင့်လှစ်ထားရှိသည့် ယာယီရေဘေးရှောက်စခန်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အား ပေးစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ရပ်ကွက်နေပြည်သူများအား ဆန်၊ဆီများနှင့်
စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန် လည်ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပန်းပဲ တန်းရပ်ကွက်အတွင်းရှိ လူနေအိမ်များအတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုအခြေအနေများ အား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက်၊ အောင်ချမ်းသာဘုရားဝန်းအတွင်းရှိ ယာယီရေဘေးရှောင်စခန်းနှင့် ဧမြဝတီရပ်ကွက်ရှိ ရေဘေးရှောင်စခန်းများအား သွားရောက်ခဲ့ကြပြီး ရပ်ကွက်နေပြည်သူများ နှင့်ရင်းရင်းနှီးနှီးတွေ့ ဆုံပြီး အားပေးစကားများ ပြောကြားပြီး ရပ်ကွက်နေပြည်သူများအား ဆန်/ဆီနှင့်စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ရပ်ကွက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန် လည်ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါယာယီရေဘေး ရှောင်စခန်းများရှိ ခရိုင်/မြို့နယ် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှု အခြေအနေများနှင့် နေအိမ်များအတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုအခြေအနေများအား လိုက် လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ဧရာဝတီ မြစ်ရေထိန်းတာဘောင်များ ကြံ့ခိုင်မှုအခြေအနေများနှင့် ဧရာဝတီမြစ်ရေ ရောက်ရှိမှုအခြေအနေ များအား ကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်း-မင်းကွန်းကားလမ်းပေါ်ရှိ ယခင်ရပ်ကွက်မှ ပြုလုပ်ထားသည့် အလျား(၅၅)ပေ၊ အမြင့်(၉)ပေ၊ ရေထိန်းနံရံပြိုကျပျက်စီးမှု အား ယာယီသဲအိတ်များဖြင့် ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် စစ်ကိုင်း-မင်းကွန်းကားလမ်း ရေတိုက်စားကမ်းပြိုမှု ကာကွယ်ရေးလုပ်ငန်း သံကူကွန်ကရစ် ရေထိန်းနံရံများ တည်ဆောက်ပြီးစီးမှုများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
