စစ်ကိုင်းတိုင်းဒေသကြီးအဆင့် ၂၀၂၆-ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တ ပတ်များ အထိမ်းအမှတ်နှင့်၂၀၂၆-၂၀၂၇ပညာသင်နှစ်၊ ကျောင်းကျန်းမာ ရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ်လ ၁၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ လူမူဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိးတိုးတက်ရေး နှင့် ပြည်သူများ၏ လူနေမှုဘဝမြင့်မားရေးအတွက် ကျန်းမာ ရေးကဏ္ဍသည် အခြေခံကျပြီးအရေးပါသည့်ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများအား လုံး သက်တမ်းစေ့အသက်ရှည်နေထိုင်ရေး၊ ရောဂါဘယကင်းရှင်းပြီး ကျန်းမာသန်စွမ်းသည့် လူ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရေးတို့အတွက် မူဝါဒများချမှတ်ကာ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဟာရပြည့်ဝမျှတမှုသည် မွေးကင်းစနှင့် ကလေးများ၏ ကိုယ်ခန္ဓာကြီးထွားမှုဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးဆိုင်ရာစွမ်းရည်မြင့်မားမှု၊ အရွယ်ရောက်သူများ၏ အလုပ်လုပ်နိုင်စွမ်းအားနှင့် ဖွံ့ဖြိုးတိုး တက်မှုတို့အတွက် အခြေခံအကျဆုံး အုတ်မြစ်ဖြစ်ပါကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများနှင့် အလေးထား ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ၂၀၂၆-၂၀၂၇ ပညာ သင်နှစ်၊ ကျန်း မာရေးအဆင့်မြှင့်ကျောင်းရွေးချယ်ခြင်းခံရသည့် ဆုရမြို့နယ်ကျောင်းများနှင့် စံပြမိခင်ဆုရ မိခင် များအား ဆုတံဆိပ်များနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများ၏ Exercise is medicine တေးသီချင်းဖြင့် တေးသရုပ်ဖော်ကပြဖျော်ဖြေမှုများနှင့် ၂၀၂၆-ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက် သတ္တပတ်များ အထိမ်း အမှတ် Video Clip နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု အထိမ်းအမှတ် Video Clip တို့အား ကြည့်ရှုအားပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျန်းမာ ရေးအဆင့်မြှင့်ကျောင်းရွေးချယ်ခြင်းခံရသည့် ဆုရမြို့နယ်ကျောင်းများနှင့် စံပြမိခင်ဆုရ မိခင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက အသက် (၅)နှစ် အောက်ကလေးငယ်များအား အင်အားပြည့်ဗီတာမင်အေဆေးလုံးများ တိုက်ကျွေးခြင်း၊ ကျောင်း သူများအား သံဓါတ်အားဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရ ဆေးပြားများအား တိုက်ကျွေးကာ အမှတ်တရလက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့ကြပြီး ခန်း မအတွင်း ခင်းကျင်းပြသထားသည့် အဟာရကျွေးမွေးခြင်း မှတ်တမ်းဓါတ်ပုံများ၊ ကျောင်းကျန်း မာရေးလှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက မုံရွာမြို့ပေါ်ရှိအခြေခံပညာကျောင်းများ၊မူလတန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် KG ကျောင်းသား၊ကျောင်းသူများအား အဟာရကျွေး မွေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
