မုံရွာ၊ ဩဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ စားရေရိက္ခာဖူလုံပြည့်ဝစေ ရန်နှင့် သန့်ရှင်းလက်ဆက်ပြီး အဟာရပြည့်ဝသည့် အသားများ စားသုံးနိုင်စေရန်အတွက် တိရိစ္တာန်များ စနစ်တကျမွေးမြူထားရှိရေး၊ အသားစားတိရိစ္ဆာန် မွေးမြူရေးလုပ်ငန်းရှင် များအတွက် အလုပ်အကိုင်အခွင့်လမ်းများ အဆင်ပြေချောမွေ့စေရန်အတွက် ဩဂုတ်လ ၂၄ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူသည် မုံရွာစက်မှုဇုန်ရှိ ဦးဝင်း ဆိတ်/သိုး မွေးမြူရေးခြံသို့ ရောက်ရှိကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ဦးဝင်း ဆိတ်/သိုး မွေးမြူ ရေးခြံတာဝန်ခံမှ ခြံအတွင်းဆိတ်/သိုးများ မွေးမြူထားရှိမှုများအား လိုက်လံရှင်းလင်းပြသသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီး အတွင်းရှိပြည်သူများ အသားနှင့်ဥများ ဖူလုံပြည့်ဝစွာစားသုံးနိုင်စေရန်အတွက် မွေးမြူရေး လုပ်ငန်းရှင်များအနေဖြင့် တိရိစ္ဆာများ တိုးချဲ့မွေးမြူထုတ်လုပ်သွားရေး၊ တိရိစ္ဆာန်အစာများ အားအရည်အသွေးပြည့်မီစွာ စနစ် တကျ ရောစပ်ကျွေးမွေးသွားရေး၊ သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိအောင် ခြံလှောင်စနစ်ဖြင့် စနစ်တကျမွေးမြူသွားရေးနှင့် မိမိတို့တိုင်းဒေ သကြီး အစိုးရအဖွဲ့အနေဖြင့်လည်း မွေးမြူရေးလုပ်ငန်းရှင်များအတွက် တိရစ္တာန်များ တိုး ချဲ့မွေးမြူနိုင်ရေးအတွက် ချေးငွေများရရှိအောင် ဆောင် ရွက်ပေးသွားရေး၊ တိရိစ္တာန်များ တင်ပို့ရောင်းချရာတွင် လမ်းခရီးအဆင် ပြေမှုများရှိအောင် ဆောင်ရွက်ပေးသွားရေးတို့အား သတ်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြော ကြားကာ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာစက်မှုဇုန်ရှိ တစ်ရက်လျင် ၅၀ Kg အိတ်၊ ၃၀၀ အိတ် ကြိတ်ခွဲထုတ်လုပ်နေသည့် “AK” တိရိစ္တာန် အစာစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း တိရိစ္တာန်အစာအမျိုးမျိုး ကြိတ်ခွဲထုတ်လုပ်နေမှု အခြေအနေများနှင့် ထုတ်ပိုးနေမှုများ၊ ကုန်ကြမ်းသိုလှောင်ထားရှိမှု များအား လိုက်လံရှင်းလင်းပြသသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိရိစ္တာန်အစာ ကုန်ကြမ်းများ အရည် အသွေးကောင်းရေး၊ ဈေးနှုန်းသင့်တင့်စွာဖြင့် မွေးမြူရေးလုပ်ငန်းရှင်များ ဝယ်ယူအသုံးပြု နိုင်ရေး၊ ထုတ်ပိုးမှုပုံစံ အရည်အသွေးပြည့်ဝစေရေးနှင့် တိရိစ္တာန်အစာများ အရေအတွက် များများ ထုတ်လုပ်သွားရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးတို့အား တာဝန်ရှိသူ များအား မှာကြားကာ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။