မုံရွာ၊ အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိ သူများသည် အောက်တိုဘာလ ၂၈ ရက်၊ နံနက်ပိုင်းတွင် အစိုးရနည်းပညာတက္ကသိုလ် (စစ်ကိုင်း)သို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူး များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ဒုတိယပါမောက္ခချုပ်ကကျောင်း၏ စီမံ/အုပ်ချုပ်ရေးဆိုင် ရာလုပ်ငန်းများ၊ ပညာသင်နှစ်အလိုက် သင်ကြားရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှု များနှင့် စာသင်ဆောင်၊ ကျောင်းသား၊ကျောင်းသူ အိပ်ဆောင်များ၊ ဝန်ထမ်းနေအိမ်များ ပြင် ဆင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပညာသင်နှစ်အလိုက် ကျောင်းသားဦး ရေအပ်နှံမှုအတိုင်းသင်ကြားသွားရေး၊ စာသင်ဆောင်များ၊ လက်တွေ့အလုပ်ရုံ ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သင်ထောက်ကူပြု ပစ္စည်းများအား အမှန်တကယ်လက်တွေ့ အသုံးချကာ ကျောင်းသား၊ကျောင်းသူများအတွက် အကျိုးရှိစွာသင်ကြားသွားရေး၊ ကျောင်း ဆောင်အဆောက်အဦများနှင့် ဝန်ထမ်းနေအိမ်များ ပြင်ဆင်တည်ဆောက်နေမှု လုပ်ငန်းများ အချိန်မီပြီးစီးအောင် တည်ဆောက်သွားရေးတို့ကို တာဝန်ရှိသူများအား မှာကြားကာ စီမံ၊ အုပ်ချုပ်၊ သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အစိုးရနည်း ပညာတက္ကသိုလ်(စစ်ကိုင်း)ရှိ စာသင်ဆောင်များ၊ လက်တွေ့အလုပ်ရုံ အဆောက်အဦများ အတွင်း လိုက်လံကြည့်ရှုခဲ့ပြီး တက္ကသိုလ်စာကြည့်တိုက်ရှိ ပရိဘောဂပစ္စည်များနှင့် စာအုပ် စာစောင်များ စနစ်တကျခင်းကျင်းထားရှိများနှင့် ကွန်ပျူတာအသုံးပြု လက်တွေ့အခန်းတို့ အား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
