နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဖက် ဖက်မှ ဝိုင်းဝန်းပူးပေါင်း ပံ့ပိုးကူညီဆောင်ရွက်ပေးနေသကဲ့သို့ ဒေသခံပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းများရရှိကာ မိသားစုစီးပွားရေးလုပ်ငန်း ပိုမိုအဆင်ပြေစေရေးနှင့် မြန်မာ မှုလက်ရာ မပပျောက်စေရန်အတွက် အောက်တိုဘာလ ၃၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ စစ်ကိုင်းခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် စစ်ကိုင်း မြို့၊ ရွာထောင်ရပ်ကွက်ရှိ “ထွန်းထွန်း” ငွေထည်ကြေးထည်လုပ်ငန်းသို့ ရောက်ရှိရာ လုပ် ငန်းရှင်မှ ငွေထည်ကြေးထည် ပစ္စည်းအမျိုးမျိုးပြုလုပ်ထားရှိမှုများနှင့် လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ငွေထည်ကြေးထည်လုပ်ငန်းရှင်များ နှင့်တွေ့ဆုံရာ ငွေထည်ကြေးထည်ပစ္စည်းများအား အရည်အသွေးကောင်းမွန်ပြီး လက်ရာ ဆန်းသစ်စွာဖြင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး၊ ကုန်ကြမ်းပစ္စည်းများရရှိရေးနှင့် ကုန်ချောပစ္စည်းများရောင်းချနိုင်ရေး မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် လိုအပ် သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များစီးပွားရေး ပိုမို အဆင်ပြေအောင် လုပ်ငန်းများတိုးချဲ့လုပ်ကိုင်လိုပါက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေး ငွေများရရှိအောင် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ပေးသွား ဖြစ်ပါကြောင်း၊ ယခုလိုတွေ့ဆုံ ရာတွင်လည်း လုပ်ငန်းရှင်များမှ မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် လို အပ်ချက်များရှိပါက ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ငွေထည်ကြေးထည် လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
