မုံရွာ၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိ ယပွဲတော် ဆွမ်းသပိတ်(၁၀၀၀)လောင်းလှူပွဲ အခမ်းအနားကို နိုဝင်ဘာလ ၃ ရက်၊ နံနက် ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ ဘောဂရံသီဓမ္မာရုံတော်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူ ကြီးချုုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ် ကြပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ မုံရွာမြို့ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာရဠဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ သက်တော်ရှည် ဆရာတော်ကြီးထံ မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များမှ ငါးပါးသီလ ခံယူဆောက်တည် ကြသည်။

ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ အလှူရှင်များမှ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းသပိတ်တော်တို့အား ဆက်ကပ်လှူဒါန်း ကြသည်။
ဆက်လက်၍ နိုင်ငံတော်ဩဝါဒါစရိယ၊ မုံရွာမြို့ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက် ပဓာ နနာယက၊ အဘိဓဇမဟာရဠဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ သက်တော်ရှည် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များမှ အနုမောဒနာတရား နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေကြပြီး “ဗုဒ္ဓ သာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်၊ သံဃာ တော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် မုံရွာမြို့ရှိ အလှူရှင်များမှ ဆွမ်းသပိတ်တော် (၁၀၀၀)အား လောင်းလှူခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဆုတောင်းပြည့် စေတီတော်ကြီးအား လာရောက်ဖူးမျှော်ကြသည့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာ စွာဖူးမျှော်နိုင်ရေးအတွက် စေတီတော်ကြီး ရင်ပြင်တော်နှင့် ပရဝဏ်အတွင်း သန့်ရှင်းသပ် ရပ်ရေးတို့အား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။