မုံရွာ၊ ဇူလိုင် ၆

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆-၂၀၂၇-ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ဌာနဆိုင်ရာလုပ် ငန်းများနှင့် ပညာရေး၊ ကျန်းမာရေးအဆောက်အဦများ တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၆ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေး အဖွဲ့များအနေဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများအပေါ် တာဝန်ကျေပွန်လိုစိတ်ဖြင့် အလေးထားကာ ပေးအပ်လာသည့် လုပ်ငန်းတာဝန်များအပေါ် အောင်မြင်အောင် ဌာနဆိုင်ရာများချင်းချင်း ချိတ်ဆက်ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေထိုင်ကြမည့် ဝန်ထမ်းများနှင့်ပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ ရုံးလုပ်ငန်းများနှင့် လမ်းပန်းဆက် သွယ်ရေး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးရန်၊ ဒေသတည်ငြိမ်အေးချမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ခိုင်မာအားကောင်းလာစေရန် ဌာန ဆိုင်ရာများ၊ အုပ်ချုပ်ရေးရေးအဖွဲ့များနှင့် ဒေသခံပြည်သူများမှ လက်တွဲညီညီ ဝိုင်းဝန်းပူး ပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးအဖွဲ့များ
အနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်နေစဉ်ကာလအတွင်း မြို့များအား အမြဲသန့်ရှင်း သာယာသပ်ရပ်ရေး၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ဝန်ထမ်း များ၊မိသားစု ဝင်များ နေထိုင်သွားလာရေး၊ စားသောက်ရေးလုပ်ငန်းများ အဆင်ပြေစေရန်အတွက် လည်း အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းနှင့် မိမိတို့ တိုင်းဒေသ ကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူများ နှင့်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇-ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ဌာနဆိုင်ရာလုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေး အဆောက်အဦများ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းများဆောင် ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများ အား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။