မုံရွာ ၊ ဒီဇင်ဘာ ၁၆
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်း တွင် ဟုမ္မလင်းမြို့၊ သာသနာ့ဇောတိကမြို့မကျောင်း ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ််လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ခေါင်ခမ်းကျေးရွာတွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ရွှေတောင် တန်း လက်ဘက်စို၊လက်ဘက်ခြောက်လုပ်ငန်းသို့ ရောက်ရှိရာ လုပ်ငန်းရှင်များမှ လက်ဖက် ပေါင်းချောင်၊ လက်ဖက်နယ်စင်၊ လက်ဖက်ရွက်စိမ်းလှော်၊ လက်ဖက်လှော်စက်၊ လက်ဖက်စို ဖိစက်နှင့် ကုန်ချောလက်ဖက်စို၊ လက်ဖက်ခြောက်များ စေျးကွက်အတွင်း ရောင်းချရန်ထုတ် ပိုးထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နမ့်ပင အသေးစားရေအားလျှပ်စစ် စီမံကိန်းပြီးစီးပါက ရရှိလာသည့် လျှပ်စစ်ဓါတ်အားများကို ဖြန့်ဖြူပေးရန်အတွက် 33/11 KV 10 MVA ဓါတ်အားခွဲရုံ တည်ဆောက်မည့် မြေနေရာသို့ ရောက်ရှိရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူးမှ ဓါတ်အားခွဲရုံနှင့် ဝန်ထမ်းအိမ်ရာများ တည် ဆောက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။






