မုံရွာ ၊ ဒီဇင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေး ခြင်းနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ အငြိမ်း စားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အငြိမ်းစားဝန်ထမ်းများအား အခြေခံစား သောက်ကုန်များ ထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာကြသော အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် အငြိမ်းစားဝန်ထမ်းများ ကိုယ်စား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက် ရောက်လာကြသော အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များအား လက်ရောက် ပေးအပ်ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါခန်းမအတွင်း အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးနေမှုများနှင့် ပင်စင်လစာများထုတ်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အငြိမ်းစားဝန်ထမ်းများအား တစ်ဦးလျှင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် ၄ ပြည်၊ ဆီ ၂၅ ကျပ်သားနှုန်းဖြင့် ထောက်ပံ့ပေး အပ်ခဲ့ပြီး အလားတူဆောင်ရွက်မှုများကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။











